ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဇနီး၊ လွှတ်တော်ဥက္ကဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘိုးဘွားရိပ်သာများမှ ကန်တော့ခံဘိုးဘွားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ
သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တက်ရောက် လာသော ဘိုးဘွားများအား
ကန်တော့ငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း၊ ခရိုင်အလိုက်အသက်အကြီးဆုံး
ဘိုး/ဘွားများအား ဂုဏ်ပြုငွေလှူဒါန်းခြင်း၊ ဘိုးဘွားရိပ်သာများအတွက်
ငွေပဒေသာပင်နှင့် ဘိုးဘွား များအတွက် လှူဒါန်းငွေများပေးအပ်ခြင်းတို့ကို
ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
















