ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သာသနာ့ဗိမာန်ခန်းမတွင် အပြည်ပြည်ဆိုင်ရာသက်ကြီး ပုဂ္ဂိုလ် များနေ့ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပဲခူးမြို့ပေါ် ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး/ အဘွားများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များ လူမှုရေးအသင်းများမှ အဖွဲ့ဝင်များ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

     အခမ်းအနားတွင် ပထမဦးစွာ “သာဓု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဘိုး/ အဘွား များအား ကန်တော့ငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုး/အဘွားများ ကိုယ်စား အဘွား (၁) ဦးမှ ဆုတောင်းစကားပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် အဘိုး/ အဘွားများအား ကုသိုလ်ဖြစ်ဆေးခန်းတွင် အခမဲ့ဆေးစစ်ခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံး အဘိုး (၁)ဦးနှင့် အဘွား (၁) ဦးတို့အား တစ်ဦးလျှင် အလှူငွေကျပ်(၃၀၀,၀၀၀)နှုန်းဖြင့် (၆၀၀,၀၀၀)ကျပ်နှင့်  အသက်(၈၅)နှစ်အထက် အဘိုး/အဘွား (၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေကျပ် (၅၀,၀၀၀)နှုန်းနှင့် လှူဖွယ်ပစ္စည်းတန်ဘိုး ကျပ်(၅၀,၀၀၀) နှုန်း၊ စုစုပေါင်းကျပ်(၁၀၀,၀၀၀)နှုန်းဖြင့် အဘိုး/အဘွား (၆၀)ဦးအား ကျပ် (၆,၀၀၀,၀၀၀)ဖြင့် လှူဒါန်း မှု စုစုပေါင်းကျပ် (၆,၆၀၀,၀၀၀) အားလှူဒါန်းခဲ့ပါသည်။






 

 

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

MOS

DSW

DDM

DOR