လူမှုဝန်ထမ်းဉီးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(ရန်ကုန်)၏ သင်တန်းနည်းပြဆရာမများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို (၁၁.၇.၂၀၂၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်နှင့် အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးဝေ(ဒုတိယညွှန်ကြားရေးမှူး)တို့ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက်သင်တန်းသူများ၏ ကိုယ်စားသင်တန်းသူတစ်ဉီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်(၀၉:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR