တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် “နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံနားထောင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ၂၀.၁၁.၂၀၂၅ရက်၊ နံနက် (၉:၀၀) နာရီအချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးများ ဘဝမြှင့်တင်ရေးအဖွဲ့တို့မှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ သူနာပြု တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများနှင့် ကလေးမိဘများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားပြီးနောက် ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ကလေးများနေ့ Video Clip ပြသပြီးနောက် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနမူလတန်းကြိုကျောင်း(၂)ကျောင်းနှင့် ပုဂ္ဂလိကမူလတန်းကြို ကျောင်း(၃)ကျောင်းတို့မှ မူကြိုရင်သွေးငယ်လေးများက တေးသီချင်းများဖြင့် သရုပ်ဖော် တင်ဆက် ကပြဖျော်ဖြေခြင်း၊ ကဗျာ/ ပုံပြင်များဖြင့် စွမ်းရည်များအားသရုပ်ဖော်ပြသခြင်းတို့ဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် သက်ဆိုင်ရာဌာနများမှ ဝန်ကြီးများက မူကြိုရင်သွေးငယ်လေးများအား ဆုလက် ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။












