မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို (၃.၇.၂၀၂၃) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော တစ်နိုင်ငံလုံးဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးပထမဆုနှင့် နဝမဆုရရှိ အမျိုးသမီး(၂)ဦးကိုဆုချီးမြှင့်ခြင်း၊ မြန်မာ့လက်ရွေးစင်အားကစားနည်းတွင် ခြင်းလုံး၊ ဗိုဗီနမ်၊ ခွန်တိုကာတာ၊ လှေလှော်၊ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဂျူဒိုအားကစားနည်းတွင် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူ အမျိုးသမီး(၉)ဦးအား ဆုချီးမြှင့်ခြင်းနှင့ စက်ချုပ်သင်တန်း နည်းပြ(၁)ဦး၊ စက်ချုပ်သင်တန်းတွင် ထူးချွန်သူ(၁)ဦး၊ စက်ချုပ်သူသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သူနာပြုနှင့်သားဖွား သင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသူလေးများက အကပဒေသာဖြင့် ကပြဖျော်ဖြေပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ကိုလည်း ပြသခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
အိန္ဒိယသမ္မတနိုင်ငံနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသော ကျောင်းသားများအားအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား (မန္တလေးလူငယ်သင်တန်းကျောင်း)

MOS

DSW

DDM

DOR