၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်း အဝေးခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား ကျင်းပ ခဲ့ပါသည်။

     အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုံရွာမြို့ပေါ်ရှိ ပရဟိတ‌ဂေဟာ (၅)ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆)ကျောင်း တို့အား ထောက်ပံ့ငွေစုစုပေါင်း (၂၁,၉၆၀,၀၀၀)ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

     ၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR