မွန်ပြည်နယ် အမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးသင်တန်းကို (၁၄.၃.၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မွန်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြား‌ရေးမှူးက Gender,CEDAW, NSPAW နှင့်ပတ်သက်၍ နောက်ခံသမိုင်းကြောင်းများ၊ လက်ရှိမြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ CEDAW ကော်မတီသို့ အစီရင်ခံစာတင်သွင်းမှုအခြေအနေများ၊ NSPAW Phase II (၂၀၂၃-၂၀၃၂) (မူကြမ်း) နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ မွန်၊ ကရင်၊ ပအို့ဝ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် NSPAW Phase II (၂၀၂၃-၂၀၃၂) (မူကြမ်း)နှင့်ပတ်သက်၍ ထပ်မံဖြည့်စွက်အကြံပြုလိုသည်များရှိပါက မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးသို့ ၂၀၂၄ ခုနှစ်၊ မတ်လကုန်ခန့်တွင် ပေးပို့နိုင်ပါကြောင်းပြောကြားပြီး သင်တန်းကို မွန်းလွဲ (၁၆:၃၀)ခန့်တွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR