၂၀၂၆ ခုနှစ်၊ စက်တက်ဘာလ(၂၃)ရက် တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော် မူလတန်းကြိုကျောင်းခန်းမ၌ “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ”ကို ကျင်းပ ခဲ့ပါသည်။ အစည်းအဝေးတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ၊ အဆိုးရွားဆုံးပုံစံ ဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၂၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


    အစည်းအဝေးတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ ကယားပြည်နယ်လူမှုဝန်ထမ်းရုံး မှ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်က ပြည်နယ်လူမှုဝန်ထမ်းရုံးအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။


    ၎င်းနောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။




 

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR