မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁ - ၂၀၂၅) ကို အောင်မြင်စွာရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားရှိသည့် ဆပ်ကော်မတီ (၉)ခု၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀၁ ခုနှစ်၊ မေလ (၆) ရက်နေ့ (၁၀:၀၀) နာရီတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ 

ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း ဦးဆောင်၍ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

               အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (မူကြမ်း) အပေါ် ညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးရလဒ် အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခန်းကဏ္ဍအလိုက် ဦးစားပေးလုပ်ငန်းများကို ထည့်သွင်း ရေးဆွဲကြရာတွင် မသန်စွမ်းသူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကို ဦးတည်စဉ်းစား ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

               ဆပ်ကော်မတီ (၉)ခုဖြစ်သည့် ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာဆပ်ကော်မတီ၊ သဘာဝဘေးနှင့်အခြားအရေးပေါ်ဆိုင်ရာဆပ်ကော်မတီ၊ သုတေသနဆပ်ကော်မတီ၊ သတင်းအချက်အလက်၊နည်းပညာဆိုင်ရာဆပ်ကော်မတီ၊ စောင့်ကြည့် အကဲဖြတ်ဆပ်ကော်မတီ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များရေးရာဆပ်ကော်မတီ၊ အလွယ်တကူလက်လမ်းမှီရယူဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီတို့ကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူပြု နိုင်ရန်အတွက် (၅-၂-၂၀၁၉) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

***

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်

MOS

DSW

DDM

DOR