နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး(၁/၂၀၂၆)ကို ၁၈-၉-၂၀၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ
နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်
ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ
များနှင့်အညီ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး၊ ကျန်းမာရေးနှင့်
လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများအား နွေးထွေးစွာ စောင့်ရှောက်နိုင်ရေးအတွက်
သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊
ခရိုင်အဆင့် နှင့်မြို့နယ်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီများကို စနစ်တကျ
ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ၏
အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံများကို အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ရန်နှင့်
၎င်းတို့၏ ကျန်းမာရေး၊ လူမှုစီးပွားဘဝလုံခြုံရေးတို့အတွက် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများ
စေတနာရှင်ပြည်သူများ ပါဝင်ကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက်
ကော်မတီအတွင်းရေးမှူးနှင့် နေပြည်တော်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး က
လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း
၊ တက်ရောက်လာကြသည့်
ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာန အလိုက် အသီးသီး ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ်
နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ
သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး
ပူးပေါင်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။









