လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှ (ကော့ကျိုက်) ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ (၄-၉-၂၀၂၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ် (၂)လုံး၊ တစ်စိတ်တစ်ပိုင်းလူနေအိမ် (၁)လုံး ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၁၄)ဦးတို့အတွက် (၁)ပတ်စာ ဆန်ရိက္ခာဖိုးငွေ (၇၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၅၂၀,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ(၂၁၅,၃၅၆/-) အား (၈-၉-၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။

Source:  DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR