လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်း၌ (၁၅-၉-၂၀၂၆)ရက်နေ့၊ (၂၀း၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၅,၀၀ဝိ/-)နှင့် အိမ်ထောင်(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၁၀၇၆၇၈/-)တို့အား(၁၆-၉-၂၀၂၆)ရက်နေ့၊(၁၂း၀၀)နာရီအချိန်တွင်နဝဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေး အပ်ပါသည်။
Source: DDM








