လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ ပိုးဘလဲအကျဉ်းထောင်၌ သတ်မှတ်ပြစ်ဒဏ်ကျခံ ပြီးနောက် လွတ်‌မြောက်လာသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် နီကိုဘားကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိရေယာဉ်မှ ကယ်ဆယ်ခဲ့သည့်  မြန်မာရေလုပ်သား(၁)ဦး၊ စုစုပေါင်း (၄၃)ဦးတို့သည် (၂၄-၁၁-၂၀၂၂) ရက်နေ့ (၂၁:၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ‌လာသော  မြန်မာနိုင်ငံသား(၄၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး-(ကျားလုံချည်၊တီရှပ်၊ထဘက်၊ဆပ်ပြာ)၊ ခရီးစရိတ်နှင့် စားစရိတ် စုစုပေါင်း (၁၀၆၁၀၀၀/-) တို့အား ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR