ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း(Early Childhood Intervention- ECI ) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌Virtualဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၄ခုနှစ်တွင် ပြဌာန်းခဲ့သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒပါ မဟာ ဗျူဟာ(၁၀)ရပ်အနက် မဟာဗျူဟာ()အရ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းအတွက် အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၁၇-၂၀၂၁)ကို (..၂၀၁၇)ရက်နေ့တွင် မိတ်ဆက် ဖြန့်ချိခဲ့ ပါကြောင်း၊ (Early Childhood Intervention- ECI) ကို ပညာရေး၊ကျန်းမာရေး၊အဟာရနှင့် အကာအကွယ်ပေးရေး နယ်ပယ်များတွင် ကဏ္ဍပေါင်းစုံပါဝင်သည့်ဝန်ဆောင်မှုများကို ဆက်စပ် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်အတူ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အဟာရချို့တဲ့ခြင်း၊ မသန်စွမ်းနှင့်အခြား လိုအပ်ချက်များရှိခြင်း စသည့်ဖွံ့ဖြိုးမှုနှောင့်နှေးဖွယ်ရှိသည့် မွေးစမှ()နှစ်အရွယ် ကလေးများအားလုံးသည် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများကို အပြည့်အဝရရှိရန်နှင့် အခွင့်အရေးများကို ခံစားရရှိနိုင်ရန်အရည်အသွေးမြင့်မားသည့် ECI ဝန်ဆောင်မှုများကို ရရှိနိုင်ရမည်ဆိုသည့် အနာဂတ်မျှော်မှန်းချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့ရှိမြို့နယ်/ကျေးရွာ()ခုကို ရှေ့ပြေးဧရိယာများအဖြစ်ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်း သားများရွေးချယ်၍ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ လုပ်ငန်းခွင်သင်တန်းများ၊ မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်၍လေ့ကျင့်သင်ကြားပေးခဲ့ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာပါ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသွားပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုကို စနစ်တကျတိုင်းတာစစ်ဆေးပြီး အထူးစောင့်ရှောက်ရန် လိုအပ်နေသောကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးတို့အနက် အဓိကကျသည့် ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် ဆိုသည့်အခွင့်အရေးများကို အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း၊ ရပ်ရွာဒေသများမှ ကလေးသူငယ်များ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိနေစေရန်အတွက် ပုံမှန်ဆန်းစစ်မှသာ ဖွံ့ဖြိုးမှုနောက်ကျသော အထူးသဖြင့်ဖွံ့ဖြိုးမှု နောက်ကျရန်အလားအလာ ရှိနေသောကလေးများကို ဆောလျင်စွာတွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ပေးခြင်း အားဖြင့် ရေရှည်မသန်စွမ်းမှုဖြစ်လာမည်ကိုတားဆီးနိုင်မည်သို့မဟုတ် အနည်းဆုံးဖြစ်အောင်လျော့ချ နိုင်မည်၊ ကလေးနှင့်မိသားစု၏ အနာဂတ်တွင်သာမက နိုင်ငံတော်၏အနာဂတ်တွင်ပါ ကောင်းကျိုးရရှိနိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ့စွမ်းအားဖွံ့ဖြိုးရေးကိုများစွာအထောက်အကူပြုပါကြောင်း၊ ECI လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ လက်ရှိရှေ့ပြေးဧရိယာများ တွင် ဆောင်ရွက်နေသည့်တာဝန်ရှိသူများ၏တင်ပြဆွေးနွေးချက်များသည်လည်းအရေးပါကြောင်း၊ ဝန်ဆောင်မှုဧရိယာများတွင် လစ်လပ်နေသောဝန်ထမ်းများခန့်အပ်၍ သင်တန်းများပေးရန်၊ လုပ်ငန်းစီမံချက် ပြန်လည်စိစစ် ရေးဆွဲပြီးအမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးနှင့် လုပ်ငန်းကော်မတီအစည်းအဝေးများတွင် တင်ပြသွားရန်နှင့်ECI  ဝန်ဆောင်မှုလုပ်ငန်းများကိုရပ်တန့်စေခြင်းမရှိဘဲဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ECI  ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအားညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့မှအသီးသီးဆွေးနွေးခဲ့ပြီးဆက်လက်၍  ECI ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသောတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှမြေပြင်အခြေအနေများကိုတင်ပြကြပြီးတက်ရောက်လာသူများမှအထွေထွေဆွေးနွေးခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများအကျိုးရှိထိရောက်စွာဆောင်ရွက်ပေးလျက်ရှိရာECIသည်လည်းတစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ကိုယ်ဝန်ဆောင်ကာလကစ၍ ကလေးအသက် (၅)နှစ်အထိဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီးအဆိုပါကာလအတွင်းတိုင်းတာစစ်ဆေးခြင်းမပြုနိုင်ပါကကလေးသူငယ်များဖွံ့ဖြိုးရေးအတွက် ပြန်လည်ပြုပြင်ပြောင်းလဲရန် ခက်ခဲပါကြောင်း၊ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံအချိန်ဖြစ်သည့် အဆိုပါကာလအတွင်းတိုင်းတာစစ်ဆေးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းများကိုစနစ်တကျ အကောင်အထည် ဖော်နိုင်မှသာအနာဂတ်လူ့စွမ်းအားအရင်းအမြစ်အတွက် စိတ်ချရမှာဖြစ်ကြောင်း၊ တင်ပြချက်များအရဦးစားပေးအဆင့်အလိုက် လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ သင်တန်းများပို့ချခြင်း၊ ကဏ္ဍအားလုံးပါဝင် နိုင်ရေးအတွက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများပါဝင်သောကော်မတီအစည်းအဝေးများကျင်းပပြီးလုပ်ငန်းများဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလမ်းညွှန်ပြောကြားသွားပါသည်။
































 

နောက်ဆုံးရသတင်းများ

ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR