လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်အပေါ် ညှိနှိုင်း အစည်းအဝေးအား ယနေ့မွန်းလွဲ (၂း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံသူ၊ နိုင်ငံသားများအား ထိရောက်သော လူမှုရေးဝန်ဆောင်မှုနှင့် အထောက်အပံ့များပေးအပ်နိုင်ရေး ဆောင်ရွက်ရာမှာ လူမှုရေးပညာဟာ အရေးကြီးသော ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ကျွမ်းကျင် သော လူမှုဝန်ထမ်းသမားများမွေးထုတ်ပေးနိုင်ရေးအတွက် လူမှုရေးပညာတက္ကသိုလ်တစ်ခု မဖြစ်မနေလိုအပ်ပါကြောင်း၊ အဆိုပါ တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကို ပြီးပြည့်စုံအောင် ရေးဆွဲပြီး လုပ်ငန်းစီမံချက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါကြောင်း၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မြန်မြန်ဆန်ဆန် ဖြည့်ဆည်းပေး၍ ရနိုင်သော်လည်း ပညာရပ်ပိုင်းဆိုင်ရာနဲ့ လူသားအရင်းအမြစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ အချိန်ယူဆောင်ရွက်ရပါကြောင်းနှင့် ဝိုင်းဝန်းတိုင်ပင်ဆွေး နွေးပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစီမံချက်ထွက်ပေါ်လာရေး အကြံပြုဆွေးနွေးပေးကြစေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပညာတက္ကသိုလ်ဖွင့်လှစ်နိုင် ရေးအတွက် လိုအပ်မည့်အကြောင်းအရာများအား ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းစီမံချက်ရေးဆွဲထားရှိမှုအခြေအနေများ အားလည်းကောင်း၊ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအားလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက်တက်ရောက်လာကြသူများဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး မွန်းလွဲ (၄း၃၀) နာရီတွင် အစည်းအဝေးအားရုပ်သိမ်းခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ 

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR