ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်းနှင့် နန်းထိုက်ရတနာမူလတန်းကြိုကျောင်းများသို့(၁၆.၉.၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင် သွားရောက်၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ မူကြိုအရွယ်ကလေးငယ်များ တက်ရောက်သင်ကြားလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးက လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါအခြေအနေများအရ မူလတန်းကြိုကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားသည့်  ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကလေးငယ်များအား ကျန်းမာပျော်ရွှင်စွာဖြင့် နေ့စဉ်သင်ကြားလေ့ကျင့်မှုများဆောင်ရွက်နိုင်ရန် အဓိကဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကလေးငယ်များအား ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးသီချင်း၊ ကဗျာများကို သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ လက်ဆေးခြင်းအလေ့အထနှင့် ကိုဗစ်စည်းမျဉ်းများနှင့်အညီနေထိုင်တတ်စေရန် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ မိဘများကိုလည်း အသိပညာပေးများ၊ Mask Campaign များ၊ ကာကွယ်ဆေးများထိုးနှံနိုင်ရန် လှုံ့ဆော်ပေးခြင်းများ စသည်ဖြင့် စဉ်ဆက်မပြတ် ဆော်ဩရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၊ တစ်မိသားစုချင်း ကိုဗစ်ရောဂါမဖြစ်ပွားစေရန် လိုအပ်ပါကြောင်း၊ မိဘများအား ကျောင်းကြို/ပို့ ချိန်တွင် အသိပညာပေးများဆောင်ရွက်လို့ရပါကြောင်း၊ ကလေးငယ်များမှတစ်ဆင့် မိဘအုပ်ထိန်းသူများကိုလည်း ဖြန့်ဝေပေးနိုင်စေရန် လေ့ကျင့်သင်ကြားပေးနိုင်ပါကြောင်း သက်ဆိုင်ရာ မူလတန်းကြိုကျောင်းများက ကျောင်းအုပ်များ၊ ဆရာမများနှင့် ကျောင်းသားမိဘများအား  တွေ့ဆုံ၍ မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မူလတန်းကြိုကျောင်းများတွင် ကလေးများအား သင်ကြားလေ့ကျင့်နေမှုများနှင့် ကျောင်းခန်း အတွင်း/အပြင် သင်ယူရန်နေရာများ၊ ကျောင်း နှင့် ကျောင်းပတ်ဝန်းကျင်တို့ကို လှည့်လည်ကြည့်ရှု၍ ကလေးငယ်များအတွက် ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန် အထူးသတိပြု၍ ကြိုတင်ကာကွယ်ရေးများဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကလေးငယ်များအား နေ့စဉ် နေ့လယ်စာနှင့် ဖြည့်စွက်စာအာဟာရတို့ ချက်ပြုတ်ကျွေးမွေးရာတွင်လည်း အာဟာရပြည့်ဝစေရေးနှင့် သန့်ရှင်းလတ်ဆတ်သော အစားအစာများကျွေးမွေးရေးတို့ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသော ရတနာများဖြစ်ပါ၍ ကလေးတစ်ဦးချင်းစီကို တန်ဖိုးထား ပြုစုပျိုးထောင်ပေးခြင်းဖြင့် ၎င်းတို့၏ ရေရှည်ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ကောင်းများ ရရှိစေနိုင်မှာဖြစ်ပါကြောင်း၊ မူကြိုအရွယ်တွင် သင်ကြား/သင်ယူမှု နည်းစနစ်များ မှန်ကန်မှုရှိခြင်းဖြင့် မူလတန်းသို့ ဝင်ရောက်ရာတွင် သင်ယူမှုအတွက် အဆင်သင့် ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဖွံ့ဖြိုးမှုကို ကိုယ်ပိုင်စွမ်းရည်များ အပြည့်အဝရရှိစေရန်နှင့် တတ်မြောက်နိုင်စွမ်းရရှိသည်အထိ ပံ့ပိုးပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်းများအဖြစ် မိဘများ၊ ဆရာမများ ဝိုင်းဝန်း၍ ဟန်ချက်ညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေ နှင့်လည်း နိုင်ငံတကာ၏ စံချိန်စံညွှန်းများ၊ လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာ၍ မိမိတို့ နိုင်ငံအနေဖြင့် ချမှတ်ထားသည့် မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာ၍ ကလေးများအတွက် သင်ကြားလေ့ကျင့်ပေးနိုင်မည့်နည်းလမ်းများကို ဖော်ထုတ်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ရပ်ရွာများအထိ မူကြိုနည်းပညာများ ပျံ့နှံ့ရောက်ရှိနိုင် စေရေးအတွက် မူကြိုဆရာမများမွေးထုတ်ခြင်း၊ သင်ကြားလေ့ကျင့်ပေးခြင်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR