မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁၃) အခြေခံ ပညာ အထက်တန်းကျောင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကျား၊ မရေးရာ (Gender)နှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence) အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကျား၊ မရေးရာ (Gender) နှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှု (Gender Based Violence) အသိပညာပေးဟောပြောခဲ့ပြီး၊ လူမှုရေးအဖွဲ့အစည်းဖြစ်သော မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက (၁၆) ရက်တာလှုပ်ရှားမှုနေ့ရက်များအကြောင်းကို ဟောပြောခဲ့ကြပါသည်။

     ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများအား မေးခွန်းများမေးမြန်းပြီး ဖြေဆိုသူများကို ဆုလက်ဆောင်များ ချီးမြင့်ပေးအပ်ကာ ဟောပြောပွဲကို မွန်းလွဲ(၁၅:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲသို့ ကျောင်းသူ (၁၀၁)ဦး တက်ရောက်ခဲ့ကြပါကြောင်း တင်ပြအပ်ပါသည်။


နောက်ဆုံးရသတင်းများ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် “အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေအပ်ခြင်း အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR