လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ချောင်းဆုံ)ခန်းမ၌ ကလေးသူငယ် အခွင့်အ‌ရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဟောပြောပွဲကို ( ၂၉.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ လူကုန်ကူးမှုကင်းဝေးဖို့ အားလုံးဝိုင်ဝန်း ပူးပေါင်းစို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ်အကြောင်းများကို ဟောပြောခဲ့ပြီး၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံး၊ ဦးစီးအရာရှိက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပါသည်။ အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား/သူ များ စုစုပေါင်းအင်အား (၁၄၀) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍ မေးခွန်းအမေးအဖြေများကို ကျောင်းသား/သူများအား မေးမြန်းကာ လက်ဆောင်ပစ္စည်းများ၊ အာဟာရမုန့်များပေးအပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာဆောင်များကို ဖြန့်ဝေ၍ အခမ်းအနားကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR