၂၀၂၁ ခုနှစ်၊ ဧပြီလ ၊ (၂၈) ရက်နေ့၊ (၁၃:၃၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှကာကွယ်တားဆီးရေးအတွက်ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

               အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အဖွင့် အမှာစကား ပြောကြားရာတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များမှာ Life Circle Approach ဖြစ်သဖြင့် မိခင်ဝမ်းတွင်းမှ စ၍ သက်ကြီးရွယ်အိုများအထိ အကာအကွယ်ပေးနိုင်ရေး အရေးကြီးပါကြောင်း၊ Social Sector ဖြစ်သည့်အတွက်လုပ်ငန်းများထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ထိုကြောင့် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ ကော်မတီများ ဖွဲ့စည်းပြီး ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးစစ်သား အသုံးပြုမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ နောက်ဆက်တွဲစာရင်းမှ Delist ဖြစ်ပြီးဖြစ်သဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် ကောင်းသောပုံရိပ် လက္ခဏာပင်ဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

               ဒုတိယဝန်ကြီး ဦးအောင်ဝင်းခိုင် က အမှာစကားပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကလေးသူငယ်များအပေါ် ထိခိုက်မှုများရှိပါကြောင်း၊ ကလေးသူငယ်များ အနေဖြင့် ကိုယ်တိုင်ထိခိုက်ခံစားရခြင်းများရှိသကဲ့သို့ မိဘများ၊ မိသားစုဝင်များ ထိခိုက်ခံစားရခြင်း သည်လည်း ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သဖြင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးကို ထိပါးခြင်းပင်ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဥပဒေကို လည်း (၂၀၁၉)ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကြိုတင်ကာကွယ်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ကူညီပေးခြင်း နှင့် ကျူးလွန်ခံရသူများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

               ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူက လက်နက်ကိုင်ပဋိပက္ခ အတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

               အစည်းအဝေးသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

               အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်း ကော်မတီ နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည် ဖော်နိုင်ရေး အမျိုးသားအဆင့်‌ ကော်မတီ တို့ကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation) လုပ်ငန်းတာဝန်ကို လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

crd....

***

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်

MOS

DSW

DDM

DOR