မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်တစ်ခုဖြစ်သောအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) နည်းပညာဆိုင်ရာရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့်စီမံကိန်းပြီးမြောက်မှုအခမ်းအနားကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌နံနက်၉နာရီတွင်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး၊လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ကြပါသည်။အခမ်းအနားတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးတို့ကMulti Large Displayကိုခလုတ်နှိပ်၍ဖွင့်လှစ်ပြီးကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာရည်များဖြင့်ပက်ဖြန်းပေးကြပါသည်။ယင်းနောက်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) စီမံကိန်းဆောင်ရွက်နိုင်ခြင်း၏အကျိုးကျေးဇူးများ၊သတင်းအချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေနိုင်မှုအခြေအနေများနှင့်စီမံကိန်းကိုအထောက်အပံ့ပေးခဲ့သောအိန္ဒိယနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးကမြန်မာနိုင်ငံ၏ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင်တစ်ထောင့်တစ်နေရာမှပါဝင်အထောက်အကူပြုရသည့်အတွက်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် လိုအပ်သည့်အကူအညီများဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုမှတ်တမ်းတင်ဗီဒီယိုပြသခဲ့ကာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကအိန္ဒိယသံအမတ်ကြီးထံသို့စီမံကိန်းပြီးမြောက်ခြင်းဆိုင်ရာကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်

MOS

DSW

DDM

DOR