အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လျင်မြန်ပြီး ပိုမိုအားကောင်း သည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့် - ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၄-၈-၂၀၂၆ ရက်နေ့တွင်Park Royal ဟိုတယ်၊ နေပြည်တော်တွင် မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ AHA Centre Operation Director ဒေါက်တာစည်သူဖေသိန်းနှင့် သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN-ERAT သင်တန်းသားများတက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင်  အာဆီယံဒေသအတွင်း ဘေးအန္တရာယ်များမှ ပိုမိုခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းတည်ဆောက်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုအလေးထား ဆောင်ရွက်ကြရကြောင်း၊ အစောပိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစတင်ပြီးသည်နှင့်တပြိုင်နက်တည်းဆောင်ရွက်ကြပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ ASEAN-ERAT အဖွဲ့ဝင်များအနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သို့ ကူးပြောင်းလုပ်ဆောင်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်မှုရှိစေရန်၊ နိုင်ငံတကာက ဆောင်ရွက်လျက်ရှိသော ပြန်လည်ထူထောင်ရေးဆိုင်ရာအတွေ့အကြုံများ၊ ခေတ်မီနည်းပညာများ ဖလှယ်မျှဝေရန်နှင့် ASEAN-ERAT အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့်၂၀၂၅ ခုနှစ်တွင်အဖျက်စွမ်းအားကြီးမားသော မန္တလေးငလျင်ကြီးရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသော်လည်း နိုင်ငံတော်အကြီးအကဲ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်တွင်းစွမ်းအားစုအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုကာငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ကာလအလိုက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုကိုလည်းအသိအမှတ်ပြုပါကြောင်း၊ ASEAN-ERAT သင်တန်းသားများအနေဖြင့် စာတွေ့သာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု/ပြီးစီးမှုအနေအထားကို မြေပြင်အထိ ကွင်းဆင်းလေ့လာသွားနိုင်မည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံများဖလှယ်ခြင်းဖြင့် အကျိုးရှိသောသင်တန်းတစ်ခုဖြစ်စေလိုပါကြောင်း ပြောကြားပါသည်။

အဆိုပါ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေးသင်တန်းအဆင့်-၂ (ASEAN-ERAT Level-2 Course on Early Recovery) ကို(၃-၈-၂၀၂၆)နေ့မှ (၇-၈-၂၀၂၆)နေ့အထိ Park Royal ဟိုတယ်၊ နေပြည်တော်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အာဆီယံ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ(JAIF)နှင့် AHA Centre တို့ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ နေပြည်တော်ကောင်စီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ AHA Centre, UNDP, IOM, IFRC,မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ သင်တန်းနည်းပြများမှ သင်ခန်းစာများပို့ချ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN-ERAT အဖွဲ့ဝင်(၁၄)ဦးတက်ရောက်လျက်ရှိပါကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး

MOS

DSW

DDM

DOR