အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်အတွက် ရေးဆွဲထားသည့်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့်ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲကိုနေပြည်တော်ရှိKumudra Ballroom, Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂ )ရေးဆွဲရေးဆိုင်ရာဦးဆောင်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃ - ၂၀၃၂ )ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကနိုင်ငံတော်အနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင်အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈ သန်းရှိပြီး၊ အမျိုးသားဦးရေသည် ၂၆.၇ သန်းဖြစ်ပြီး  အမျိုးသမီးဦးရေသည် ၂၉.၁ သန်းရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး၏စွမ်းဆောင်ရည်ကိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကို ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၃-၈-၂၀၂၃ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်နှင့်အညီဦးဆောင်ကော်မတီကိုပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ(၁၂)ရပ်ကိုလည်းထပ်မံပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာဦးဆောင်ကော်မတီသို့တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါလုပ်ငန်းနယ်ပယ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများကရေးဆွဲထားသည့်လုပ်ငန်းစီမံကိန်းများနှင့်ချိတ်ဆက်ကာကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်း(Gender Mainstreaming)ဆောင်ရွက်နိုင်ရန်ဦးဆောင်ကော်မတီဝင်များ၏လမ်းညွန်မှုနှင့်အတူလုပ်ငန်းကော်မတီအားလုံးကဝိုင်းဝန်းပူးပေါင်းရေးဆွဲဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ရေးဆွဲရေးဆိုင်ရာလုပ်ငန်းအစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းကော်မတီအသီးသီးကမိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်တာဝန်ယူရေးဆွဲထားကြသည့်အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ကာအလုပ်ရုံဆွေးနွေးပွဲအားညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR