လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများအား  ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းသား၊သမီး ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မူလတန်းအဆင့်(၆၁၈)ဦး ၊ အလယ်တန်းအဆင့် (၂၃၇)ဦး၊ အထက်တန်းအဆင့်(၈၀)ဦး၊ တက္ကသိုလ်တက်ရောက်သူ(၂၈၇)ဦး၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၂၅၁)ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သားငယ် သမီးငယ်များ အနေဖြင့်လည်း ထူးချွန်စွာအောင်မြင်သွားကြသည့် အစ်ကို၊ အစ်မများကို အတုယူ၍ လိမ္မာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအဖြစ် ပိုမိုကြိုးစားအားထုတ်စေလိုပါကြောင်း၊ ဒီကနေ့ခေတ်သည် ပညာခေတ်ဖြစ်တဲ့အတွက် သားငယ်သမီးငယ်များအနေဖြင့် အမှန်တကယ်ကြိုးစားလျှင် ကြိုးစားမှုနှင့် ထိုက်တန်သည့် အခွင့်အလမ်းများကို ရရှိခံစားရမည်ဖြစ်ပါကြောင်း၊ ပညာသင်ကြားချိန်တွင် မိမိတို့ပညာ သင်ကြားရေးကိုထိခိုက်စေမည့်ကိစ္စရပ်များကိုရှောင်ရှားပြီး အနာဂတ်မှာတိုင်းပြည်ကို အကျိုးပြုနိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ရည်မှန်းချက်ထား ကြိုးစားကြစေလိုပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးဟာ အဓိကအကျဆုံးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို ဦးတည်ချက်ချမှတ်၍ အလေးအနက်ထား၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြသူများဖြစ်အောင် ကြိုးစားကြပြီး လုံ့လ၊ ဝိရိယနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချလျက် ပညာကို လိုလိုလားလား ကြိုးစားသင်ယူကြရန်၊ နိုင်ငံတော်က အားကိုးအားထားပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းသွားကြစေလို ကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဘဝအတွက် အခြေခံပညာသည် လှေကားတစ်ခုဖြစ်ပါကြောင်း၊ မိဘဆရာများက ထောက်ပံ့ရုံသာဖြစ်ပြီး မိမိတို့ သားငယ်သမီးငယ်များက ကိုယ်တိုင် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ပညာရွှေအိုးလူမခိုးဆိုသည့်       ဆိုရိုးစကားရှိကြောင်း၊ မိမိတို့အရွယ်သည် ကြိုးစားရမည့်အရွယ်ဖြစ်၍ ကြိုးစားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကျောင်းသားတစ်ယောက်၏ ဘဝကိုအလှည့်အပြောင်း ဖြစ်စေနိုင်သောကြောင့် ကျောင်းသားရော၊ မိဘရော အားကုန်ထုတ် ကြိုးစားရသည့် စာမေးပွဲတစ်ခုဖြစ်ပါကြောင်း၊  သားငယ် သမီးငယ်များအနေနှင့် ကျောင်းစာသင်ရုံနှင့် မလုံလောက်ဘဲ ဘာသာစကားကျွမ်းကျင်ဖို့ လိုကြောင်း၊ ကွန်ပျူတာအခြေခံရနေဖို့လိုကြောင်း၊ IT အခြေခံကျွမ်းကျင်ဖို့လိုကြောင်း၊ အလယ်တန်းအဆင့်မှစ၍ အင်္ဂလိပ်စာ လေ့လာဖို့လိုကြောင်း၊    ဝန်ထမ်းမိသားစုများအနေဖြင့်လည်း မိမိတို့မျိုးဆက်များ ပညာရည်ထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာကြံ့ခိုင်ရန်အတွက် ပျိုးထောင် မြှင့်တင်ပေးကြရန်ပြောကြားလိုပါကြောင်း၊ သားငယ်သမီးငယ်များ အားလုံး မိဘ၊ဆရာ၏ ဆိုဆုံးမအုပ်ထိန်းမှုအောက်တွင် စည်းကမ်းပြည့်ဝစွာဖြင့် ပညာရည်မြင့်မားတိုးတက်ရေးကို အစဉ် တစိုက် အားထုတ်ကြိုးပမ်းပြီး အနာဂတ်မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူပြုနိုင်မည့် နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်းနှင့် နိုင်ငံ့အကျိုးကို သယ်ပိုး စွမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၉)တွင် ဒုတိယဆုရရှိခဲ့သော ဦးဝင်းရွှေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့်အောင်မြင်သူ(၁၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၆)ဦး အပါအဝင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင်တက်ရောက်မည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၂၅၁)ဦးအတွက် ငွေကျပ်စုစုပေါင်း တစ်ရာရှစ်ဆယ့်သုံးသိန်းခြောက်သောင်းလေးထောင်တိတိ (၁၈,၃၆၄,၀၀၀)ကို ထောက်ပံ့ပေးအပ် ခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR