လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးရေးအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ In person နှင့် Online တို့မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် Coordinated Mekong Ministerial Initiative Against Trafficking (COMMIT) နဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention Against Transnational Organized Crime) နဲ့ ၎င်းရဲ့နောက်ဆက်တွဲစာချုပ်များရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊ ဒါ့အပြင် ASEAN  Convention Against Trafficking in persons, Especially  Women and Children (ACTIP) ရဲ့ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ လူကုန်ကူးမှုဖြစ်စဉ်များသည် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်တွင်းငြိမ်းချမ်းမှုတို့နဲ့ တိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပါ ကြောင်း၊  လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို  စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ရန် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် အတည်ပြုဖြန့်ဝေခဲ့ပါကြောင်း၊ အဆိုပါ စံလုပ်ငန်းအစီအစဉ်တွင် ဖော်ပြပါရှိသော ယေဘုယျဦးတည်ချက်၊ လိုက်နာရမည့်အခြေခံမူ နှင့် အထွေထွေလမ်းညွန်းချက်များ၊ စံလုပ်ငန်းအစီအစဉ်များဖြစ်သော အစီအစဉ်(၁) လူကုန်ကူးခံရသူအဖြစ်ဖော်ထုတ်သတ်မှတ်ခြင်း၊ အစီအစဉ်(၂) ကြားကာလကာကွယ် စောင့်ရှောက်ခြင်း၊ အစီအစဉ်(၃) ပြန်လည်ပို့ဆောင်ခြင်း၊ အစီအစဉ်(၄) ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းစသော လုပ်ငန်းစဉ်များနှင့်အညီ   လူကုန်ကူးခံရသူများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေးအတွက် ယခုလို စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်း သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက လုပ်ငန်းများကို စံလုပ်ငန်း အစီအစဉ်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းကာလအတွင်း မရှင်းလင်းသည်များ၊ သိလိုသည်များကို မေးမြန်းစေလိုကြောင်း၊ မိမိတို့၏ အတွေ့အကြုံများ ကို မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့သင်တန်းကို လူကုန်ကူး ခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသား အဆင့် စံလုပ်ငန်းအစီအစဉ်အတည်ပြုထုတ်ဝေထားရှိထားကြောင်း သိရှိစေရန်၊ လူကုန်ကူးခံရသူများကို အကူအညီပေးနေသည့် ဝန်ဆောင်မှုပေးနေသူများ သိရှိဆောင်ရွက် ရမည့် အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ အသုံးပြုနိုင်သည့်ပုံစံများကို တပြေးညီရှင်းလင်းစွာ သိရှိနိုင်စေရန်၊ စံလုပ်ငန်းအစီအစဉ်နှင့်အညီ လူကုန်ကူးခံရသူဟုယူဆရသူ (သို့မဟုတ်) လူကုန်ကူးခံရသူအဖြစ် သတ်မှတ်ထားသူများအား အကူအညီပေးခြင်း၊ ပြန်လည် ပို့ဆောင်ခြင်းနှင့် လွှဲပြောင်းခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းလုပ်ငန်းစဉ်များကို လုပ်ဆောင် နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူကုန်ကူးခံရသူအဖြစ် စိစစ်ဖော်ထုတ်သတ်မှတ်ခြင်း၊ လူကုန်ကူးခံရသူများအား အကူအညီပေးခြင်း၊ ပြန်လည်ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း  လုပ်ငန်းစဉ်အားလုံးတွင် လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့်စပ်လျဉ်း၍ အတည်ပြုထုတ်ဝေပြီးဖြစ်တဲ့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်း အစီအစဉ်ပါ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပါလို့ တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်။

သင်တန်းသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် က‌လေးစောင့် ရှောက်ရေးအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၆၅)ဦး တက်ရောက်မည်ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ (၂၈.၉. ၂၀၂၂)ရက်နေ့မှ (၃၀.၉.၂၀၂၂) ရက်နေ့ထိ (၃)ရက်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR