လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးတို့သည်၂၈-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်းမိုးသည်းထန်စွာရွာသွန်းခဲ့ပြီးရေတိုက်စားမှုကြောင့်နတ်မသောက်ချောင်းတံတားအရှည်၂၅ပေ၊အကျယ်၁၈ပေ၊အမြင့်၁၂ပေနှင့်တောင်ပို့သာကျေးရွာနှင့်အုန်းပင်ကျေးရွာကြားရှိဘေလီတံတား(ယာယီ)အရှည်၁၃၀ပေ၊အကျယ်၁၂ပေတံတားပျက်စီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှုပြီးပြုပြင်ဆောင်ရွက်နိုင်ရေးလိုအပ်သည်များမှာကြားဖြည့်ဆည်းပေးခဲ့ကြပါသည်။

ထိုမှတစ်ဆင့်ဇေယျာသီရိမြို့နယ်၊ကျည်တောင်ကျေးရွာ၊ကိုးခမ်းကြီးဘုန်းကြီးကျောင်းရေဘေးရှောင်စုရပ်သို့သွားရောက်၍ဆန်ရိက္ခာဖိုး၊စောင်နှင့်သောက်ရေသန့်များကိုထောက်ပံ့ပေးအပ်ပြီးရေဘေးသင့်ပြည်သူများကိုတွေ့ဆုံအားပေးစကားပြောကြားခဲ့ကြပါသည်။

နေ့လည်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည်ဒုံရီ(မြန်မာ)ကုမ္ပဏီကလှူဒါန်းသောငလျင်ဘေးသင့်ပြည်သူများအတွက်အလှူငွေကျပ်သိန်း(၃၆၀)အားလက်ခံရယူခဲ့ပြီးအလှူရှင်အားဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိများသည်လယ်ဝေးမြို့နယ်၊ဂိုဏ်းထောက်ဘုန်းကြီးကျောင်းရေဘေးရှောင်စခန်းသို့သွားရောက်၍ရေဘေးသင့်ပြည်သူများအားဆန်ရိက္ခာဖိုး၊စောင်၊ရေသန့်၊ကြက်ဥအစရှိသည့်စားသောက်ဖွယ်ရာများကိုထောက်ပံ့ပေးအပ်ကြပြီးရေဘေးရှောင်ပြည်သူများအားကျန်းမာရေးဆိုင်ရာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကိုအသီးသီးရှင်းလင်းပြောကြားကာရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည်လယ်ဝေးမြို့နယ်၊ပိတောက်ချောင်ဘုန်းကြီးကျောင်းရေဘေးရှောင်စခန်းသို့ဆက်လက်သွားရောက်ကာရေဘေးသင့်ပြည်သူများအားဆန်ရိက္ခာဖိုး၊စောင်၊ရေသန့်၊ကြက်ဥအစရှိသည့်စားသောက်ဖွယ်ရာများကိုထောက်ပံ့ပေးအပ်ခဲ့ပြီးကျေးရွာများအလိုက်ရေဝင်ရောက်မှုအခြေအနေများ၊ရပ်ကွက်ကျေးရွာများ၏သန့်ရှင်းသာယာလှပရေးနှင့်တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာလိုက်နာဆောင်ရွက်ရန်များကိုမှာကြားခဲ့ကြပြီးလိုအပ်ချက်များမေးမြန်းဖြည့်ဆည်းပေးခဲ့ကြပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ပျဉ်းမနားမြို့၊အုန်းတောဘုန်းတော်ကြီးကျောင်းရေဘေးရှောင်စုရပ်သို့ရောက်ရှိကာစောင်၊ဆန်ရိက္ခာ၊ခေါက်ဆွဲခြောက်၊သောက်သုံးရေသန့်များကိုရေဘေးသင့်ပြည်သူများသို့ထောက်ပံ့ပြီးအားပေးစကားပြောကြားခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းလတ်တလောဖြစ်ပွားနေသောရေကြီးရေလျှံမှုများကြောင့်ရေဘေးသင့်ပြည်သူများအားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနခွင့်ပြုရံပုံငွေမှငွေကျပ်(၃၄၄)သိန်းကျော်တန်ဖိုးရှိစောင်၊ဆန်ရိက္ခာ၊ခေါက်ဆွဲခြောက်၊သောက်သုံးရေသန့်၊မိုးကာလိပ်အစရှိသည့်ထောက်ပံ့မှုများဆောင်ရွက်ပေးထားသည့်အပြင်လိုအပ်သည်များကိုဆက်လက်ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်နေပြည်တော်ကောင်စီသဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်အနေဖြင့်လည်းရေဘေးသင့်ပြည်သူများလတ်တလောနေထိုင်စားသောက်ရေး၊ကျန်းမာရေးအစရှိသည်တို့ကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR