အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို အောက်တိုဘာလ(၈)ရက်နေ့မှ(၁၄)ရက်နေ့အထိ ကျင်းပခဲ့ရာ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ကျင်းပသော ဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ ကြပါသည်။

အစည်းအဝေးနံနက်ပိုင်းအစီအစဉ်များအဖြစ် “အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် တီထွင်ဆန်းသစ်မှု ပိုမိုမြှင့်တင်ဆောင်ရွက် ရေး”ခေါင်းစဉ်ဖြင့် အာဆီယံနေ့အခမ်းအနားကိုလည်းကောင်း၊ ယင်းနောက်  အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများ၏ (၁၀)ကြိမ် မြောက်အစည်းအဝေးတို့ကို လည်းကောင်း ကျင်းပရာ အာဆီယံနိုင်ငံ(၁၀) နိုင်ငံဝန်ကြီးများ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)၊ ကုလသမဂ္ဂ အာရှပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP)၊ ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်း(UN Women)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ (၉)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်း အဝေးကို ဆက်လက်ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးများက နိုင်ငံအလိုက် နှုတ်ခွန်းဆက်စကားနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ လုပ်ဆောင်မှု များကို အသီးသီးရှင်းလင်းပြောကြားကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက် လုပ်ငန်းအစီအစဉ် (AADMER Work Program-2021-2025) အကောင်အထည်ဖေါ်နိုင်မှုများ၊ အဆိုပါအကောင် အထည်ဖေါ်မှုများကို နည်းပညာအခြေပြု စောင့်ကြည့်သုံးသပ်ခြင်းစနစ်(Web based Monitoring and Evaluation System) ဆောင်ရွက်နိုင်မှုများအပါအဝင် ဒေသတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်များ၊ လုပ်ငန်းအစီအစဉ်များရေးဆွဲ အကောင်အထည်ဖေါ်နိုင်မှု များအတွက် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေများပြားသည့် နိုင်ငံဖြစ်သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်က ဦးဆောင်၍ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မည်သူမျှ နောက်ကျမကျန်ခဲ့စေရေးအတွက် အာဆီယံအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရန် အမြဲအသင့်ရှိနေပါကြောင်း၊ သက်ဆိုင်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း အလေးထားဆောင်ရွက်နေပါကြောင်း၊ လတ်တလောအခြေ အနေတွင် ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြုံတွေ့နေရသည့် ကိုဗစ် (၁၉) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရေးပါသော ကဏ္ဍဖြစ်သည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အရှိန်မြှင့်တင်ဆောင်ရွက်နေရာ ဦးစားပေးအုပ်စုများ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစားပေးအုပ်စုများတွင် ပါဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နေရပ်စွန့်ခွာသူ များ၏ ယာယီခိုလှုံရာစခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေပါ ကြောင်း၊ မြန်မာနိုင်ငံ၏ အလေးထားဆောင်ရွက်မှုကြောင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာ လဆန်းတွင် ကိုဗစ်-၁၉ ကူးစက်နှုန်း ၇% ထိကျလာပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံ ပြီးသူ  ၁၀.၆ သန်းကျော်ရှိပြီး ကာကွယ်ဆေးလွှမ်းခြုံမှုမှာ ၁၂ % ကျော် ရှိပြီဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံခေါင်းဆောင်များ၏ ဘုံသဘောတူဆွေးနွေးချက်များအရ မြန်မာနိုင်ငံသို့ လူသား ချင်းစာနာ ထောက်ထားမှုအကူအညီအနေဖြင့် ကိုဗစ်(၁၉)တုံ့ပြန်ရေးဆိုင်ရာ ဆေးနှင့် ဆေး ပစ္စည်းများပေးပို့မှုအတွက်လည်း အာဆီယံအဖွဲ့ကြီးနှင့် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများကို လည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အာဆီယံ အတွင်းရေးမှူးချုပ်က တင်ပြရာ အဖွဲ့ဝင်နိုင်ငံများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တစ်ဆင့်ပေးပို့ သော ကိုဗစ်- ၁၉ ရောဂါ  ရင်ဆိုင်တုံ့ပြန်ရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများလည်း လိုအပ်သည့် နေရာများသို့ ဖြန့်ဝေလျက်ရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းကာ လိုအပ်သည်များ ပံ့ပိုးပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်အရ ဆက် လက်ဆောင်ရွက်သွားမည့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများအတွက်လည်း အာဆီယံမိသားစုဝင် နိုင်ငံတစ်နိုင်ငံ၏ လိုက်နာရန်အချက်များနှင့်အညီ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ AHA Centre တို့နှင့်အတူ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့် အကြောင်းကြောင့်မဆို ရပ်တန့်၍မရသည့် လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများအား မိမိတို့နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် နေပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း အခြေခံရမည့် နိုင်ငံတကာ လူသားချင်းစာနာမှု အကူ အညီပေးရေးမူဝါဒများ၊ ကူညီမှုကြောင့် မည်သူမျှ ထိခိုက်နစ်နာမှုမရှိစေရေး၊ မည်သူမျှချန်လှပ်မှု မရှိစေရေး၊ သာလွန်ကောင်းမွန်သော ပြန်လည်ထူထောင်မှုဖြစ်စေရေးတို့အား အထူးအလေး ထားကာ နိုင်ငံသားဖြစ်မှု၊ လူမျိုး၊ ဘာသာ၊  ယုံကြည်မှုတို့နှင့်မသက်ဆိုင်စေဘဲ လိုအပ်သူတိုင်းအား ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ ASEAN အပါအဝင် နိုင်ငံတကာမှ ကူညီပံ့ပိုးရာ တွင်လည်း မြန်မာနိုင်ငံမှကျင့်သုံးနေသည့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ခံယူချက် စည်းကမ်းမူများနှင့်အညီ အပြန်အလှန် လေးစားယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ပူးပေါင်း ဆောင် ရွက်သွားမည်ဟု ယုံကြည်တိုက်တွန်းပါကြောင်း၊ မိမိတို့အာဆီယံနိုင်ငံများအနေဖြင့် ကောင်းမွန် သည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံကောင်းများအား အခြေခံပြီး သဘာဝဘေး လျော့ပါးရေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ASEAN ၏ ရည်မှန်းချက်ဖြစ်သည့် သဘာဝဘေးစီမံခန့်ခွဲမှုကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု ရရှိနိုင်ဖို့ ဆုမွန် တောင်း ဆန္ဒပြုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် (၉)ကြိမ်မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။

နေ့လယ်ပိုင်းအစီအစဉ်အဖြစ် အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအနေဖြင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်မည့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့်စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေးအတည်ပြု ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့်အဖွဲ့သည် (၈-၁၀-၂၀၂၁) ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံလူသားချင်း စာနာမှု ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန၏ ၁၅ ကြိမ်မြောက် အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေး၊ အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက (၁၁-၁၀-၂၀၂၁) ရက်နေ့တွင် ကျင်းပသည့်  အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ၃၉ ကြိမ်မြောက် အစည်းအဝေးနှင့် (၁၂-၁၀-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ+တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယအကြိမ် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ +ဂျပန်နိုင်ငံ၊ ပထမအကြိမ် အာဆီယံသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ+ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် ၁၆ ကြိမ်မြောက် လူသားချင်းစာနာ ထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးများသို့ တက် ရောက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR