၁၉.၁၀.၂၀၂၅ ရက်၊ နံနက် ၀၉း၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း” သို့ တက်ရောက်လာကြသော သင်တန်းသား/ သူများအား တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းက ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မသန်စွမ်းသူများအခွင့်အရေး  ဥပဒေဘာသာရပ်များ ပို့ချခြင်းနှင့် ပုဂ္ဂလိက မသန်စွမ်းကျောင်းများ၏  တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားရာတွင် လိုအပ်ချက်များအား ရှင်းလင်းပြောကြား၍ သင်တန်းသား/ သူများမှ တင်ပြချက်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သင်တန်းပို့ချမှုအား နေ့လယ် ၁၂း၃၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ 

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းဆင်းဂုဏ်ပြုကတ်များအား သင်တန်းသား/ သူများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးမှ မိမိတို့ သင်တန်းသား/ သူများ၏ကိုယ်စား ယခုလို သင်ကြားပို့ချပေးခဲ့ပါသော ဆရာကြီးနှင့်တကွ ဆရာမကြီး များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အထူးစောင့်ရှောက်ပေးရန်လိုအပ်သော ကလေးသူငယ်များအပေါ မိမိတို့ တတ်မြောက်သင်ကြားခဲ့ရသော ဘာသာရပ်များအား အကျိုးရှိစွာ အသုံးချ၍ စောင့်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး  အခမ်းအနားကို ၁၄း၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR