၂၀၂၁ ခုနှစ်၊ မေလ၊ (၁၉) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင် နှင့် ညွှန်ကြားရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ရုံးချုပ်ရှိ အရာထမ်း၊ အမှုထမ်းများက လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ဝက်ထီးကန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဖယ်ခုံ၊ မြဝတီ၊ ဘားအံ၊ မူဆယ် နှင့် ကော့သောင်းရှိ စခန်း၊ ဂေဟာများမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများက Online (Zoom Meeting) စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။


               အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က အဖွင့်အမှာစကား ပြောကြားရာ တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့သည့်အတွက် သက်တမ်း ၃ နှစ်ကျော် ရှိပြီဖြစ်ပါကြောင်း၊ မိမိအား ၂၀၂၁ ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အဖြစ်ခန့်အပ်တာဝန် ပေးခဲ့ သဖြင့် လုပ်ငန်းတာဝန်များ စတင်တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ယနေ့တွင် ရုံးချုပ်နှင့် ပြည်နယ်၊ တိုင်းများရှိ စခန်း၊ ဂေဟာများမှ အရာထမ်း၊ အမှုထမ်းအားလုံးအား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တာဝန်ကျရာဒေသအသီးသီးတွင် နိုင်ငံဝန်ထမ်းပီသစွာ မိမိတို့တာဝန် များကို ထမ်းဆောင်နေကြသည်ကို တွေ့ရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကြောင့် ရပ်တန့်နေသည့် လုပ်ငန်းများကို တွန်းအားပေး မြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မေ လ (၁၇) ရက်နေ့တွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးသင်တန်းကို ဝက်ထီးကန် ပြန်လည်ထူထောင်ရေးစခန်းတွင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ကျန်စခန်းများတွင်လည်းသင်တန်းများ ဆက်တိုက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ CERP အစီအစဉ်အရ မသန်စွမ်းလူဦးရေ နှစ်သိန်း အား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်သန်းပေါင်း ခြောက်ထောင်တိတိ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း ကျန်ရှိနေသေးသည့် မသန်စွမ်းများအား ဆက်လက် ထောက်ပံ့လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်များအတွင်း မသန်စွမ်းဦးရေ တစ်သောင်း နှစ်ထောင်ကျော် ကို ထောက်ပံ့ခဲ့ပြီး စာရင်းကျန်ရှိနေသည့် ဦးရေ လေးသောင်းကျော် ကို လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ CDM လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ဌာနမှ ထုတ်ပယ်ခဲ့သည့် အမှုထမ်း (၁) ဦးကို ၎င်းကိုယ်တိုင် အယူခံလွှာတင်သွင်းလာသဖြင့် ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ခန့်ထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန မှ ဝန်ထမ်းများ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တက်စေရန်အတွက် ရုံးလုပ်ငန်း၊ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

               အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း နှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး၊အစည်းအဝေးတက်ရောက်လာသူအရာထမ်း၊ အမှုထမ်းများမှ ထမ်းဆောင်ရသည့် တာဝန်၊ ဝတ္တရားများနှင့် လိုအပ်ချက်များကို ပါဝင်ဆွေးနွေးခဲ့ ကြပါသည်။ ဆက်လက်၍ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲကို ကျင်းပခဲ့ရာ တင်ပြချက် များအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

               လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ သို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများ၊ စခန်း၊ ဂေဟာများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၆၇) ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိ ပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR