ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဗီယက်နမ်နိုင်ငံ၊ ဟွာလောင်းမြို့တွင် ကျင်းပပြုလုပ်လျှက်ရှိသော (၁၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသောပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် ဟွာလောင်းမြို့၌ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားနှင့် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့ (ASEAN Day on Disaster Management) အခမ်းအနားများသို့ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထိမ်းအမှတ်အခမ်းအနားကျင်းပရာဟွာလောင်းမြို့ရှိ Bai Chayအလယ်တန်းကျောင်းသို့သွားရောက်ပြီးအာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းမှုအနှစ်(၂၀)ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံဒေသအတွင်းသဘာဝဘေးမကျရောက်မီကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာမှတ်တမ်းဗီဒီယိုနှင့် ဗီယက်နမ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုများပြသမှုကိုလေ့လာကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်သောသဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအားဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံမှ ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုကိုယ်ခံပညာသရုပ်ပြမှု၊ ရိုးရာဂီတတီးမှုတ်မှုများဖြင့်ဖျော်ဖြေခဲ့ ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရှင်ဗီယက်နမ်နိုင်ငံ၏စီစဉ်ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်းနေရာတစ်ခုဖြစ်သောယူနက်စကို (UNESCO) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟွာလောင်းပင်လယ်အော်သို့ သွားရောက်လေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR