ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းသည်သြဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူမကွေးတိုင်းဒေသကြီး၊မကွေးမြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာ      ၁ ရွာမှ ရေဘေးသင့်ပြည်သူများစုစည်းထားရှိသည့်မြင်းကင်းကျေးရွာရှိ အလယ်ကျောင်းဓမ္မာရုံ ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားကာလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အိမ်ထောင်စု ၁၂၇ စုမှ လူဦးရေ ၅၂၅ ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဘူးများ၊ ရေဘေးသင့်ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များ၊ ၅ နှစ်အောက်ကလေးများ၊ အသက် ၇၀ နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေါက်ဆွဲခြောက်၊ သောက်ရေသန့်နှင့်ကြက်ဥ တို့ကိုလည်းကောင်း  ထောက်ပံ့ပေးအပ်ကြပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်းဘူးမြို့၊ မှန်ကင်းကျောင်းတိုက်အတွင်းရှိ ရေဘေးရှောင်စုရပ်နေရာနှင့် ရှင်ပင်ကြောင်လိမ်ဘုရား ရေဘေး ရှောင်စုရပ်များ သို့သွားရောက်ကာ ရေ‌ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ လျော့နည်းစေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်ပင်များစိုက်ပျိုးရေး၊ ရေကျသွားပြီးနောက်မိမိတို့၏ နေအိမ်များသို့ ပြန်လည်နေထိုင်ချိန်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေကောင်းရေသန့်အသုံးပြုနိုင်ရေး၊ မြွေ ကင်း အစရှိသော အဆိပ်ရှိ သတ္တဝါတို့၏ အန္တရာယ်သတိပြုကြရေး၊ ရေဝင်၍ ခေတ္တကျောင်းပိတ်ထားရသော မိမိတို့၏ ရင်သွေးငယ်များကို  ကျောင်းနေပျော်၍ စာတော်သော၊ လိမ္မာယဉ်ကျေးသော လူချွန်လူမွန်များဖြစ်စေရေး ပြုစုပျိုးထောင်ပေးရန်တို့ကို မှာကြားပြီးရေ‌ဘေးရှောင်စုရပ် ၂ ခုရှိ ရေဘေးသင့်ပြည်သူအိမ်ထောင်စု ၄၈၉ စု၊ လူဦးရေ ၁၉၈၂ဦးတို့အတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဘူးများ၊ ရေဘေးသင့် ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များ၊ ၅ နှစ်အောက်ကလေးများ၊ အသက် ၇၀ နှင့် အထက် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေတို့ကို လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် သောက်ရေသန့် တို့ကိုလည်းကောင်း  ထောက်ပံ့ပေးအပ်ကြပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ရေများပြန်လည်ကျဆင်းနေမှုအား  သွားရောက်ကြည့်ရှုကြပါသည်။

          ယနေ့ထောက်ပံ့မှုတန်ဖိုး စုစုပေါင်းမှာငွေကျပ် ၃၁၆ သိန်းကျော်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုရှိ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ကျပ်သန်းပေါင်း ၂၉၀၀ ကျော်တန်ဖိုးရှိငွေနှင့် ပစ္စည်းများကို ထောက်ပံ့ပေးထားကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR