ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာမြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ကော်မတီဝင် ဒုတိယဝန်ကြီးများ၊နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကသက်ကြီးပုဂ္ဂိုလ်များ၏ အတွေ့အကြုံနှင့် ဗဟုသုတကြွယ်ဝမှု၊ မိသားစုနှင့် နိုင်ငံတော်အတွက် တာဝန်ကျေပွန်ခဲ့မှု၊ လူမှုအသိုက်အဝန်းနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပါဝင်ဆောင်ရွက်ပေးနေမှုများကိုအသိအမှတ်ပြုပြီးဂုဏ်ပြုသည့် အခမ်းအနားတစ်ရပ် ဖြစ်ပါကြောင်း၊ကမ္ဘာတစ်ဝန်းမှာ ဆေးဘက်ဆိုင်ရာပညာရပ်များ တိုးတက်ကောင်းမွန်လာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ကောင်းမွန်လာခြင်း၊ နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူသားတို့၏နေထိုင်မှုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် ယခင်ကထက် လူ့သက်တမ်း ပိုမိုမြင့်မားစွာ နေထိုင်လာနိုင်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊  သက်ကြီးပုဂ္ဂိုလ်ဦးရေ တိုးပွားလာခြင်းသည် ကမ္ဘာ့နိုင်ငံများအားလုံး တွေ့ကြုံလာရသည့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်ပါကြောင်း၊ထို့ကြောင့် လူ့သက်တမ်းရှည်လာပြီး သက်ကြီးပုဂ္ဂိုလ်ဦးရေ တိုးပွားလာခြင်းကို ဝန်ထုပ်ဝန်ပိုး တစ်ရပ်အဖြစ်မမြင်ဘဲ အဖိုးတန် လူသားအရင်းအမြစ်များအဖြစ်မှတ်ယူပြီး သက်ကြီးပုဂ္ဂိုလ်များထံမှ ရရှိနိုင်မည့်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ကာ ထိထိရောက်ရောက် အသုံးချနိုင်ရေး အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့၏ ဆောင်ပုဒ်မှာ “The Age of Longevity: Rethinking Systems for Longer Lives” “သက်ရှည်ကျန်းမာခေတ်သစ်ဆီ စနစ်သစ်များဖြင့် လျှောက်လှမ်းမည်”ဖြစ်ပါကြောင်း၊ ဒီဆောင်ပုဒ်ဟာ လူ့သက်တမ်း ပိုမိုရှည်ကြာစွာနေထိုင်လာနိုင်ခြင်းကို အောင်မြင်မှု တစ်ရပ်အဖြစ် အသိအမှတ်ပြုရုံသာမက အသက်ရှည်လာခြင်းနှင့်အတူ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုစောင့်ရှောက်မှုစနစ်များကိုလည်း ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အလေးထား ဖော်ပြထားတာကိုတွေ့ရှိရမှာဖြစ်ပါကြောင်း၊ ယခုအချိန်မှာ ကလေးသူငယ်များ၊ လူငယ်များနှင့် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ် အပိုင်းအခြားရှိသူများသည် အနာဂတ်ကာလမှာ သက်ကြီးပုဂ္ဂိုလ်များဘဝသို့ ရောက်ရှိလာကြမှာ ဖြစ်သောကြောင့် အနာဂတ်မှာကြုံတွေ့ရမည့်သက်ကြီးပုဂ္ဂိုလ်ဘဝအတွက် ကြိုတင်ပြင်ဆင်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ကြီးပုဂ္ဂိုလ်များ၏ အသက်အရွယ်နှင့်အညီကျန်းမာရေးဝန်ဆောင်မှုများလက်လှမ်းမီ ရရှိရေး၊ သက်ရှည်ကျန်းမာသော သက်ကြီးသူများဘဝ ရရှိရေး၊ သက်ကြီးများ တစ်ဦးတည်းနေထိုင်ရမှုကြောင့် အထီးကျန်ဆန်မှု မဖြစ်ရလေအောင် သက်ကြီးပုဂ္ဂိုလ်များကိုလူမှုအဖွဲ့အစည်းအတွက်တက်ကြွစွာပါဝင်ပံ့ပိုးနိုင်သူများအဖြစ်အသိအမှတ်ပြုဆောင်ရွက်ပေးနိုင်ရေးအတွက်အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် သက်ကြီးပုဂ္ဂိုလ်ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကိုပြသခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသောဘိုးဘွားများကိုဆေးဝါးပစ္စည်းများနှင့် ဂုဏ်ပြုငွေများပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(နေပြည်တော်)မှဘိုးဘွားများကစွမ်းဆောင်ရည်ပြသဖျော်ဖြေခြင်းနှင့် သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များကတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၎င်းတို့ထုတ်လုပ်ထားသည့်ဒေသထွက်ကုန်များကိုခင်းကျင်းပြသခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR