ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သည့် ရာသီဥတုအခြေအနေများနှင့်ဆက်စပ်၍ ဆောင်ရွက်လျှက်ရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများသည် (၂-၅-၂၀၂၂)ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကာ  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာ မိုးလေဝသ Website များမှ အချက်အလက်များကို မပြတ်ရယူ၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်သော သတင်းအကြောင်းအရာများကို တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြပေးပို့ဆောင်ရွက်လျှက်ရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းသို့ စစ်ဆေးရာတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မှုအပေါ် ဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ ဖြစ်ပွားနိုင်မှုအခြေအနေ ၊ မိုးရွာသွန်းနိုင်မှု၊ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်မှု၊ အပူချိန်မြင့်တက်နိုင်မှု၊ ယင်းတို့နှင့် ဆက်စပ်ပြီး တောမီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်ရာသီဥတုနှင့် ဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များကို ဌာနကြီးမှူး ဒေါ်သီရိမောင်က ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်တင်ပြပါသည်။

    ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အမြဲအသင့်ဖြစ်စေရေး ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးရုံးအဖြစ် တာဝန်ယူဆောင်ရွက် နေသည့်အားလျော်စွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ကဏ္ဍအလိုက် သက်ဆိုင်သည့် ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းညှိနှိုင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အားကောင်းသော မုန်တိုင်းငယ် (91B INVEST) နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ခဲ့မှု အတွေ့အကြုံကောင်းများကို အခြေခံကာ လာမည့်မိုးရာသီကာလအတွက် အလေ့အကျင့်ကောင်းများအဖြစ် မိမိတို့ ရရှိထား ခဲ့ပါကြောင်း၊ သဘာဝဘေးတုံ့ပြန်ရေးတွင် စနစ်တကျ စီမံဆောင်ရွက်ထားရှိမှုသည် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် အားလျော်စွာ၊ လာမည့်မုတ်သုံရာသီအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အရှိန်အဟုန်မပျက်နှင့် အချိန်ကိုက် ဆက်လက်ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြ ပါရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

         ဆက်လက်၍  ဒုတိယဝန်ကြီးက မိုးကြိုကာလတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ မပြတ်ပြုလုပ်ထားရန် လိုအပ်ကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှုအပြင် မိုးကြိုကာလ လေပြင်းဘေးမှာလည်း အထူးသတိပြုရမည့် ဘေးအန္တရာယ်တစ်ခုဖြစ်လာပါကြောင်း၊ ယခုနှစ်တွေ့ရှိရသော အချက်အလက် များအရ လေပြင်းဘေးဖြစ်ပွားမှုကြောင့် ပျက်စီးမှု အလွန်များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ လေပြင်းဘေးဆိုင်ရာ ကြိုတင်သတိပေးမှုများနှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ပိုမို ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ နေအိမ်အဆောက်အအုံများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်မှုများကို သက်ဆိုင်ရာ နည်းပညာဝန်ကြီးဌာနများ၊ ဒေသအစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မုတ်သုံကာလမတိုင်မီ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများအနေဖြင့် ထောက်ပံ့ရေးပစ္စည်းများ အရံသင့် သိုလှောင်ဖြည့်ဆည်းထားရန်လိုအပ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ၂၀၀၉ ခုနှစ် တည်မြဲအမိန့်အား ပြင်ဆင်နေမှုကိုလည်း ဆက်လက် ဆောင်ရွက် သွားရန်တို့ကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR