ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကျန်မားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တို့တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ" ကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အစည်းအဝေး (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးမှာ အဋ္ဌမအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၂၂) ကိုလည်း မကြာမီခေါ်ယူကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊  မဟာဗျူဟာ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇)ကို အတည်ပြု ရေးဆွဲနိုင်ခဲ့ပြီးမိတ်ဆက်ဖြန့်ချိပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ငန်းစီမံချက် (Action Plan) များ ဆက်လက်ရေးဆွဲဆောင်ရွက်သွားကြဖို့နှင့် မိမိတို့ဌာနအလိုက်လက်ရှိ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရေတို၊ ရေရှည် လုပ်ငန်းများအားခွဲခြားပြီး စတင်ဆောင်ရွက်နိုင်သည်တို့ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာအရင်းမပျောက်မတည် ရန်ပုံငွေကျပ် (၃) ဘီလီယံနှင့် စပ်လျဉ်း၍ အလေအလွင့်မရှိစေဘဲ စနစ်တကျ တိုးပွားစေရန်အတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျှက်ရှိပါကြောင်း၊  တိုးပွားလာသည့် ရန်ပုံငွေကိုမသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် မသန်စွမ်းသူများအတွက် ထိရောက်အကျိုးရှိစေမည့် လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် ထောက်ပံ့ကူညီပေးနိုင်မည့်ပုံစံနှင့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေး သွားရန် လိုအပ်မှာဖြစ်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အနေဖြင့် အသက်မွေးဝမ်းကြောင်းပညာများ သင်ယူတတ်မြောက်မှသာ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာမှာဖြစ်ပါသဖြင့်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းသင်တန်း (Vocational Training)များ တွင် မသန်စွမ်းသူများတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြဖို့နှင့် မသန်စွမ်းသူများလိုအပ်သော ပံ့ပိုးမှုများပေးနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေထည့်သွင်းလျာ ထားပေးကြဖို့ ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ လုပ်ငန်းကော်မတီဝင်များနှင့်မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများအနေဖြင့်မိမိတို့တတ်စွမ်းသလောက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ယခင်အစည်းအဝေးများ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ကာလအတွင်းကျေးလက်နေအမျိုးသမီးများအတွက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးစီမံချက်အရဆောင်ရွက်သည့်ဝါးလက်မှုသင်တန်းဖွင့်ပွဲအခမ်းအနား
ပြည်ပနိုင်ငံများတွင် ပညာတော်သင် မဟာဘွဲ့ သင်တန်းများအပါအဝင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသောအရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဝန်ထမ်းများနေ့လယ်စာအတူတကွသုံးဆောင်ခြင်းများပြုလုပ်
မြန်မာ- -အိန္ဒိယနှစ်နိုင်ငံအစိုးရအကြားနားလည်မှုစာချွန်လွှာ(MoU)အရဆောင်ရွက်လျက် ရှိသည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဦးစီးဌာနရုံးများ၊ မူလတန်းကြိုကျောင်းများ လှည့်လည်ကြည့်ရှု့အားပေး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးများနှင့် သိုလှောင်ရုံများ၊ မူလတန်းကြိုကျောင်းများအားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR