ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့် ညှိနှိုင်းရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

       အစည်းအဝေးသို့    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်၊   ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့မှ   ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

      ရှေးဦးစွာ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimination Against Women-CEDAW) အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ကျား၊ မ တန်းတူ ညီမျှမှုရရှိရေးနှင့် အမျိုးသမီး၊ အမျိုးသမီးငယ်ရွယ်များ အားလုံးစွမ်းပကားတိုးမြှင့်စေရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊    အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ် များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍  အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးဥပဒေ ကို ၂၀၁၃ခုနှစ်ကစတင်၍ ရေးဆွဲခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍရော၊ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍပါ တာဝန်ယူဆောင် ရွက်ရသည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်ဒေသဆိုင်ရာအဆင့်ဆင့်တွင် Case Manager (ဖြစ်ရပ်စီမံခန့်ခွဲသူ)များအား လေ့ကျင့်ပေး၍ တာဝန်ပေးအပ်ကာ အမျိုးသမီးများအား ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Case Manager များအနေ ဖြင့် Survivor များ၏ လူမှုရေးကဏ္ဍများကို ပံ့ပိုးဆောင်ရွက်ပေးကြောင်း၊ ဥပမာ မကြာသေးခင် က လားရှိုးဖက်တွင် မိခင်ဖြစ်သူသည် အရက်မူးပြီး ၎င်း၏သားငယ်အားညှင်းပန်းရိုက်နှက်ခြင်း ကြောင့် Case Manager သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီသို့တင်ပြ အစည်းအဝေးခေါ်ယူကာ ကလေးအား လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက်ပေးခဲ့ကြောင်း ဒီလိုနည်းလမ်းများဖြင့် လူမှုရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှင့်  ဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး Case Manager များမှ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပြီး   လက်ရှိပြဋ္ဌာန်း ထားသည့်ဥပဒေဖြင့် ထိရောက်စွာ အကာအကွယ်မပေးနိုင်ခဲ့သည့် ဖြစ်ရပ်များအနက် ဖြစ်ရပ်အချို့အားထုတ်နှုတ်တင်ပြ ပြောကြားခဲ့ပါသည်။

       ဆက်လက်၍  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ဆောင်ရွက်ထားရှိမှုများ၊ ဆွေးနွေးမည့်ကိစ္စရပ်များအား   ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဘာသာရပ် တာဝန်ခံ၊ ညွှန်ကြားရေးမှူးက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) အပေါ် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ ပေးပို့လာသည့် သဘောထားမှတ်ချက်များအား ပုဒ်မတစ်ခုချင်းစီ အလိုက် ရှင်းလင်းတင်ပြခြင်းအပေါ် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR