ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ ဒုတိယဥက္ကဋ္ဌပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ကော်မတီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် ယနေ့နံနက် ၁၀ နာရီတွင် တွန်းဇံမြို့ပေါ်ရှိအစိုးရပိုင်အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးမှုအခြေအနေကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီးဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့ကပျက်စီးဆုံးရှုံးမှုများကိုပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ တွန်းဇံမြို့နယ်တွင် အုပ်ချုပ်မှုယန္တရားစတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ အုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးမှုအားကောင်းလာအောင် ပြည်သူတစ်ရပ်လုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းပြောကြားကြသည်။

ယင်းနောက် တွန်းဇံမြို့ ပြန်လည်တည်ဆောက်ရေးအတွက် သွပ်၊ သံ၊ ဘိလပ်မြေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကအိမ်ထောင်စု ၃၉ စု၊ လူဦးရေ၂၆၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် နှစ်ပတ်စာဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိအတွက် ထောက်ပံ့ငွေကျပ် ၁၃,၆၈၉,၉၀၀ ကိုပေးအပ်ရာဒေသခံပြည်သူများကိုယ်စားမြို့မိမြို့ဖများနှင့် တာဝန်ရှိသူများကလက်ခံရယူကြကြောင်းသိရသည်။ခရိုင်(ပြန်/ဆက်)

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR