ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

 

အာဆီယံ၏ One ASEAN One Response နှင့်အညီ အာဆီယံ အရေးပေါ်တုန့်ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN – ERAT)၏ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များသို့  ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့မှုအခြေအနေအား (၂၈-၅-၂၀၂၃)ရက်နေ့တွင် လူမှု/ကယ်ဆယ် ပြည်ထောင်စုဝန်ကြီးထံသို့ ရှင်းလင်းတင်ပြခဲ့။

 

အိန္ဒိယနိုင်ငံအစိုးရက မိုခါမုန်တိုင်းဘေးသင့်သူများအတွက် လူသုံးကုန်ပစ္စည်း (၃၈)မျိုး၊ အဝတ်အထည် (၁၃)မျိုး၊ စားသောက်ကုန် (၂၁)မျိုးတို့ကို (၁၈-၅-၂၀၂၃)ရက်နေ့နှင့် (၁၉-၅-၂၀၂၃)ရက်နေ့များတွင် ရေယာဉ်(၄)စီးဖြင့် ပေးပို့လှူဒါန်းခဲ့။

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

  

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၁၄၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် စစ်တွေမြို့တွင် ရေသန့်စင်ကား(၂)စီး၊ ရသေ့တောင်တွင် ရေသန့်စင်ကား(၂)စီးနှင့် မင်းပြားမြို့တွင် ရေသန့်စင်ကား(၁)စီးတို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၂၆၄၈၀) ဖြင့် လည်းကောင်း၊ မိုဘိုင်းဆိုလာရေသန့်စင်စနစ်ဖြင့် ကျေးတောပိုက်စိပ်ရွာ ရေပေးဝေသည့်ဂါလံ(၉၀၀)ဂါလံခန့် ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် စစ်တွေမြို့တွင် (၃၀)ပုံး၊ ပေါက်တောမြို့တွင် (၁၉)ပုံး၊ ရသေ့တောင်တွင် (၄၁)ပုံး၊ မင်းပြားမြို့တွင် (၁၅)ပုံး၊ ပုဏ္ဏားကျွန်းမြို့တွင် (၁၅)ပုံး၊ မြေပုံမြို့တွင် (၁၀)ပုံး၊ ကျောက်တော်မြို့တွင် (၁၅)ပုံးနှင့် မြောက်ဦးမြို့တွင်(၁၅)ပုံးတို့ကို ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ဖိုင်ဘာရေတိုင်ကီ အနေဖြင့် စစ်တွေမြို့တွင် (၁၆၀၀) ဂါလံဆန့် (၁၁)လုံးနှင့် (၂၄၀၀)ဂါလံဆန့် (၆)လုံးတို့ကို ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၀ % ရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၉၄၉၂) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၈၆) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၁၁၈) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၈၂၉) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၁၄၈) အိမ်ထောင်စာနှင့် မြို့နယ်အထွေထွေအုပ်နှင့် DMC ရုံးများတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၃၅ % နှင့် ပညာရေးအတွက် ၄၇ % ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၆၉)လိပ်၊ မိုးကာတဲ (၇၆၅)လုံး၊ သွပ် (၂၈၅၀၉၁)ချပ်၊ သွပ်သံ (၈၃၅၀)ပိဿ၊ အိမ်ရိုက်သံ (၄၂၅၆၉.၉)ပိဿ၊ ခေါက်ဆွဲခြောက် (၀၅၈၃၀)ထုပ် ဆန် (၆၀၀၀၀)အိတ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉) ချပ်၊ ခေါက်ဆွဲခြောက် (၃၀၀၀၀)ထုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုးကာတဲ (၅၂၆)လုံး၊ မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ် နှင့် သစ်ခွဲသား (၁၀၂၃)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၄၉၅.၅)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၂၇၀)တန် ပြင်ဆင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

နေအိမ်ပျက်စီး  -  ၂၆၂၄၆၆ လုံး

 

စာသင်ကျောင်း  -  ၁၈၃၅ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၃၅၃၈ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၄၈၇ ခု

 

တာဝါတိုင်    -  ၁၄ တိုင်

 

ဓာတ်တိုင်   -  ၈၄၈၈ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၃၈၄၅၅၂ ကောင်

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR