ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)(မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများဆိုင်ရာလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၁၀:၀၀)နာရီတွင်နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများဆိုင်ရာလုပ်ငန်းကော်မတီဝင်(၂၀)ဦးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင်အဓိကလုပ်ငန်းနယ်ပယ်တစ်ရပ်ဖြစ်သောအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများကဏ္ဍနှင့်ပတ်သက်ပြီးပထမဆုံးခေါ်ယူသည့်ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) NSPAW Phase II ကိုရေးဆွဲနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကဥက္ကဌအဖြစ်ပါဝင်သည့်ဦးဆောင်ကော်မတီ(၁)ခုနှင့် ညွှန်ကြားရေးမှူးချုပ်များက ဥက္ကဌဖြစ်ပါဝင်သည့်လုပ်ငန်းကော်မတီ(၁၂)ခုကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါ ဦးစားပေးနယ်ပယ် (၁၂)ရပ်အနက်မှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းယန္တရားက(၂)ရပ်ကိုလူမှုဝန်ထမ်းဦးစီးဌာနကဦးဆောင်ရေးဆွဲရန်တာဝန်ယူထားပါကြောင်း၊အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေကိုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကတာဝန်ယူရေးဆွဲနေပါကြောင်း၊အလားတူသက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီဝင်များအားလုံးကလုပ်ငန်းအစီအစဉ်များကိုတာဝန်ယူရေးဆွဲဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ (ပထမမူကြမ်း) နှင့်ပတ်သက်ပြီးလုပ်ငန်းအကောင်အထည်ဖော်မှုနှင့်ညွှန်ကိန်းများတွင်ကြုံတွေ့ရနိုင်ဖွယ်ရှိသောအခက်အခဲများကိုလည်းတင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊တက်ရောက်လာကြသောကော်မတီအဖွဲ့ဝင်များအနေဖြင့် NSPAW Phase II ရေးဆွဲနိုင်ရန်လိုအပ်သည့်အချက်အလက်များကိုအကြံပြုဆွေးနွေးပေးကြရန်နှင့်ရှေ့ဆက်ဆောင်ရွက်ရမည့် NSPAW Phase II အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်များတွင်လည်းတက်တက်ကြွကြွပူးပေါင်းပါဝင်ပေးကြရန်ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများမူဘောင်(မူကြမ်း) ရေးဆွဲထားမှုအပေါ်ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသောလုပ်ငန်းကော်မတီအဖွဲ့ဝင်များကအကြံပြုဆွေးနွေးခဲ့ကြကာလူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားပြီးအစည်းအဝေးအားနေ့လယ်(၁၃:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR