ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

       သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ Virtualဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနည်းလမ်းများနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကျောင်းများသို့ ရောက်ရှိနေကြသော ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ယခုလို ညှိနှိုင်းဆွေးနွေးခြင်းသည်ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် လွန်စွာမွန်မြတ်ပါကြောင်း၊ စောင့်ရှောက်ပေးထားကြသော သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊ “သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး ဗဟိုကော်မတီ”ကိုပြင်ဆင်ဖွဲ့စည်းပြီး သက်ဆိုင်ရာသင်တန်းကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ် ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး ကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဗဟိုကော်မတီအစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်(မူကြမ်း)ကို ပြင်ဆင်ရေးသားခဲ့ပြီး သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးက ကျောင်းအုပ်များနှင့် သုံးသပ်ညှိနှိုင်း အစည်းအဝေးဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်းလမ်းညွှန်(မူကြမ်း)နှင့်စပ်လျဉ်း၍ ကလေးသူငယ်များ၏ အသက်အရွယ်၊ ပြစ်မှုကျူးလွန်ရခြင်းအကြောင်းအရင်း၊ ကလေးသူငယ်နေထိုင်သည့် ပတ်ဝန်းကျင် အခြေအနေ၊ သင်တန်းကျောင်းတွင်နေထိုင်စဉ်ကာလအတွင်း စည်းကမ်းလိုက်နာခြင်း ရှိ/မရှိ၊ သက်မွေးပညာသင်တန်းများတက်ရောက်မှု စသည့်အခြေအနေများကို စိစစ်အကဲဖြတ်ရမည် ဖြစ်ပါကြောင်း၊ ကလေးသူငယ်တစ်ဦးချင်းစီအလိုက် ကိုယ်ရေးအကျဉ်းကိုလေ့လာရာတွင် ကလေး သူငယ်၏ ဖြတ်သန်းခဲ့သောလူမှုဘဝအခြေအနေကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရာတွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၏ အခြေခံမူများကို စနစ်တကျထည့်သွင်း စဉ်းစားဖို့လိုပါကြောင်း၊ သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားရှိသော ကလေးသူငယ်ဦးရေ အပေါ်မူတည်၍ ဝန်ထမ်းအင်အား ဖြည့်တင်းရေးနှင့် အဆောက်အဦပိုင်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုသင်တန်းများလည်း ဖွင့်လှစ်ပေးရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် စောင့်ရှောက်ထားရှိသော ကလေးသူငယ်များနှင့် ကော်မတီသို့တင်ပြလာသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ် များအား စိစစ်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး သင်တန်းကျောင်းများမှ တက်ရောက်လာသော တာဝန်ခံများ၊ ကျောင်းအုပ်များက အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေးလုပ်ငန်းလမ်းညွှန်(မူကြမ်း) အပေါ် လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး သင်တန်းကျောင်းများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကိုပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR