ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအောက်ရှိလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကIDP နှင့် တိုက်ပွဲရှောင်စခန်းများနှင့်ပတ်သက်ပြီးကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင်စခန်းများနှင့်လူဦးရေစာရင်းများရရှိပြီးဖြစ်ပါကြောင်း၊“IDP စခန်းများစိစစ်လေ့လာသုံးသပ်၍ အကြံပြုချက်များဖော်ထုတ်တင်ပြရေးအဖွဲ့ကိုအမျိုးသားကော်မတီက (၆-၉-၂၀၂၂)နေ့မှာဖွဲ့စည်းပေးခဲ့ပြီးဖြစ်ရာယင်းအဖွဲ့ကသက်ဆိုင်ရာနယ်မြေဒေသအလိုက်စုဖွဲ့လေ့လာပြီး တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ဖော်ထုတ်တင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းကော်မတီသို့ တင်ပြဆွေးနွေးသွားရန်ဖြစ်ပါကြောင်း၊နေရပ်ပြန်လိုသူများ၏လိုအပ်ချက်များအနေဖြင့်နေရပ်ပြောင်းရွှေ့မှုဆောင်ရွက်ပေးရေး၊ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ပေးရေး၊ လမ်းတံတား၊ ရေ၊ မီးကိစ္စရပ်များဆောင်ရွက်ပေးရေး၊ သက်မွေးလုပ်ငန်းသင်တန်းများပို့ချပေးရေးတို့အဓိကဖြစ်ပါကြောင်း၊ IDP နှင့်တိုက်ပွဲရှောင်များပြန်လည်နေရာချထားရာတွင် ၎င်းတို့နေထိုင်မည့်နေရာဒေသနှင့် လိုက်လျောညီထွေမည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဝင်ငွေရလုပ်ငန်းများ ဖေါ်ထုတ်ပြီး အသေးစိတ်စီမံချက်များရေးဆွဲ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားမည့်သူများအတွက် ပုံမှန်လူနေမှုဘဝကိုအမှီအခိုကင်းစွာပြန်လည်ရပ်တည်နိုင်ရန်၊အဓိကလိုအပ်ချက်များကိုဦးစားပေးစဉ်းစားကာအသေးစိတ်စီမံချက်များတွင်ထည့်သွင်းရေးဆွဲကြရမည်ဖြစ်ပါကြောင်းအဖွင့်အမှာစကားပြောကြားပါသည်။

လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၁)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးကပြည်တွင်းနေရပ်စွန့်ခွာသူများအတွက်ပြန်လည်နေရာချထားရာတွင်ရေရှည်ရပ်တည်နိုင်ရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းသင်တန်းများကိုဌာနများအလိုက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃  မောင်တောမြို့နယ် ရွာ(၅)ရွာတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မြေတိုင်းတာခြင်း၊ အကွက်ချခြင်းများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြေကွက်ချခြင်း၊ စိုက်ပျိုးရေးသင်တန်းများပေးခြင်း၊ တောင်သူပညာပေးသင်တန်းများပေးခြင်း၊ ဌာနပိုင်စက်ကိရိယာများဖြင့် စပါးရိတ်သိမ်းခြွေလှေ့ပေးခြင်းမွေးမြူရေးအသိပညာပေးသင်တန်းများပေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နေရပ်ပြန်များလူနေမှုဘဝရေရှည်ရပ်တည်နိုင်ရေးအတွက် အခြားသောဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၂)တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်ကပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သင်တန်းများတက်ခွင့်ရရှိရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင်များအတွက် မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း၊ ကွန်ပျူတာနှင့်စက်ချုပ်သင်တန်းများတက်ရောက်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သောလုပ်ငန်းများဆောင်ရွက်ပေးရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျာထားထည့်သွင်းဆောင်ရွက်မည်ဖြစ်ပါကြောင်းပြောကြားပါသည်။

အစည်းအဝေးတက်ရောက်လာသောကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများကလုပ်ငန်းကော်မတီနှင့် ပတ်သက်၍ အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကိုသက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကလိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR