ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပြည်ထောင်စုအဆင့် အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်ရရှိရေးထောက်ခံထားသော ပြည်တွင်းအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်သူများအကြား သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ စနစ်တကျတုံ့ပြန်နိုင်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးတွင် ဝန်ကြီးဌာနနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါကြောင်း၊မြန်မာလူမျိုးများ၏ ချစ်စရာယဉ်ကျေးမှု ဓလေ့ဖြစ်သည့်တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီချင်သော ပရဟိတစိတ်စေတနာကောင်းများကို အခြေခံပြီး လူမှုရေးအသင်း၊ သာရေးနာရေး ကူညီရေးအဖွဲ့များကနေပြည်တွင်းလူမှုရေးအသင်းအဖွဲ့များအခြေတည်လာကြခြင်းဖြစ်ပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆန်ဒိုင်းမူဘောင်၏ ကမ္ဘာ့အဆင့်ပန်းတိုင်(၇)ရပ်အနက် ပန်းတိုင်(၆) (Target F)၌ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ပါက မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဟုဖော်ပြထားသကဲ့သို့ဒေသတွင်းအဆင့်တွင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်လုပ်ငန်းစီမံချက်(၂၀၂၆-၂၀၂၃၀)၏ ပင်မလုပ်ငန်းတွင် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ၌ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများပါဝင်နိုင်သည့် လုပ်ငန်းအစီအစဉ်ကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ နိုင်ငံအဆင့်တွင်ဝန်ကြီးဌာန၏မူဝါဒတွင် ပြည်သူလူထု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန်ဟုထည့်သွင်းပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုကို အလေးထားတိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံနှင့် ပူးပေါင်းကျင်းပသော မြန်မာသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ (Myanmar Disaster Response Team-MDRT) သင်တန်းများ၊ One ASEAN One Response (OAOR) Road Show တို့၌ပြည်တွင်းအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား ဖိတ်ကြားပါဝင်စေသကဲ့သို့ အာဆီယံက ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှုကို လိုက်လျောညီထွေစွာဖြင့် ဟန်ချက်ညီညီဆောင်ရွက်ကြခြင်းဖြင့် ပြည်သူများ၏လိုအပ်ချက်ကို ပိုမိုထိရောက်စွာဖော်ဆောင်ပေးနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတွင်းဖြစ်ပွားခဲ့သော ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများမှာပါဝင်ဆောင်ရွက်မှုများအတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းနှင့် အဖွဲ့အစည်းအလိုက် ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့်စပ်လျဉ်း၍ မလို လားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး/ မလိုလားအပ်သည့်နေရာများသို့ မရောက်ရှိ စေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန် လုပ်ငန်းဆိုင်ရာများ အကျိုးရှိထိရောက် စွာနှင့် စနစ်တကျရှိစေရေး၊ မိမိတို့ဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယပိုင်းအစီအစဉ်အား ကျင်းပပြုလုပ် ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တည်ဆဲလုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင် မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များကအဖွဲ့အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ဦးစီးဌာနနှင့်အတူလက်တွဲ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာအရာထမ်းများ၊ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR