ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် Association Francois- Xavier Bagnoud (AFXB) အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေးအတွက်ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင်   ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းတစ်ခုတည်းကသာမက ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းအဖွဲ့အစည်းများသည် grass root level ထိ ရောက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team) ဖြင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သုံးသပ် အကဲဖြတ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်ပါအတိုင်း ကနဦး၊ ကာလလတ်(ကြားကာလ) အပြီးသတ် အကဲဖြတ် သုံးသပ်ခြင်းတို့အတွက် သက်ဆိုင်ရာဒေသအစိုးရနှင့် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့်  လူမှုရေးဆိုင်ရာကူညီထောက်ပံ့မှုများရရှိသဖြင့် မိသားစုအကျိုးစီးပွားနှင့် နိုင်ငံတော်အတွက် အထောက်အပံ့ကောင်းများရရှိလာနိုင်မည်ဖြစ်ပါကြောင်း   ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများတို့အား စနစ်တကျကြပ်မတ် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် သုံးသပ်အကဲဖြတ်ရေးအဖွဲ့ (Monitoring and Evaluation Team)ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစိုးရ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နည်းပညာနှင့် ပတ်သက်သော အားသာချက်များရှိပါသောကြောင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့် AFXB အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာပါလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ရာ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်တို့ကို သုံးသပ်၍တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR