ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)ဖြင့်အကောင်အထည်ဖော်ခဲ့သည့်ပင်းတယမြို့နယ်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သိုလှောင်ရုံနှင့်အသိပညာပေးစင်တာဖွင့်ပွဲအခမ်းအနားကို(၂၈-၁၁-၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ပင်းတယမြို့ရှိအဆိုပါနေရာ၌ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဌ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းဇေယျာထွန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ပထမဦးစွာသိုလှောင်ရုံနှင့်အသိပညာပေးစင်တာကိုပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ဒုတိယဝန်ကြီး၊မြန်မာနို်ငငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ဦးအာကာလင်းတို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ဆက်လက်၍ပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊တရုတ်နိုင်ငံသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်၊မဲခေါင်-လန်ချန်းပူပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းဇေယျာထွန်းတို့မှမြို့နယ်သိုလှောင်ရုံနှင့်အသိပညာပေးစင်တာရုံးဆိုင်းဘုတ်အားစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ဆက်လက်၍ဧည့်သည်တော်များနှင့်ဌာနဆိုင်ရာအရာရှိကြီးများမှ ကမ္ဗည်းမှတ်တမ်း(ကြေးပြား)အား အမွှေးနံ့သာရည်များပက်ဖြန်းပြီးမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။ဆက်လက်၍ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းကိုဆက်လက်ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ဒေါက်တာကျော်ထွန်း၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှသံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်၊မဲခေါင်-လန်ချန်း ပူပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)ဒုတိယဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဦးဝင်းဇေယျာထွန်းတို့မှအမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးဒေါက်တာဇမ်ဇီဟုမ်တို့မှ အမှတ်တရလက်ဆောင်များအပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။ ထို့နောက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ဦးအာကာလင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာအခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်းတို့သည်ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအာကာလင်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက်လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားသောပင်းတယမြို့၊ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့်တာဝန်ခံကျောင်းအုပ်တို့ကကလေး(၁၀၀)ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေးငယ်များ၏ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီးကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ပြီးမူလတန်းကြိုကျောင်းအုပ်နှင့်ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR