ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ’ (MOCHA) ပြင်းအား 

 

 အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)” သည် (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၀၀) မှ မိုင် (၁၁၀) ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။

  

  • မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ချက်

 

 ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။  

    

 အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှစ၍ လုပ်ငန်းကော်မတီအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို ဖွင့်လှစ်လျက်ရှိပါသည်။

 ၂၀၂၃ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် နယ််မြေဒေသအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဝင်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

 

 တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်

 

 အရေးပေါ်ပို့ဆောင်ရေးကဏ္ဍအနေဖြင့် လူစီးယာဉ်၊ ကုန်တင်ယာဉ်နှင့် ရေယာဉ်အပါအဝင် ရခိုင်ပြည်နယ် တွင် စုစုပေါင်းယာဉ်အရေအတွက် (၈၉၀) စီး၊ ချင်းပြည်နယ်တွင် (၃၁၇) စီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၉၃၀) စီး၊ မကွေးတိုင်းဒေသကြီးတွင် (၁၁၉၆) စီး ပြင်ဆင်ထားရှိခြင်း၊

 

 အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite PhoneSatellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၁၃) ခု၊ ချင်းပြည်နယ်တွင် (၂) ခု ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၇၉၈၇) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၀၀၁) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာနှင့် မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာ အသင့်သိုလှောင်ထားရှိခြင်း၊

 

 ဘေးဒဏ်ခံအဆောက်အဦီများအနေဖြင့် Cyclone ShelterMulti-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ Shelter (၅၄) လုံး၊ ချင်းပြည်နယ်တွင် စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ Shelter (၅) လုံး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့ Shelter (၁၁) လုံးနှင့် မကွေးတိုင်းဒေသကြီးတွင် စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ Shelter (၃) လုံး ၊ အသင့်ပြင်ဆင်ထားရှိခြင်း၊

 

 တပ်မတော်၊ ရဲ၊ မီးသတ်၊ စေတနာ့ဝန်ထမ်းများအပါအဝင် ရခိုင်ပြည်နယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ဦးရေ (၂၇၄၃) ဦး၊ ချင်းပြည်နယ်တွင် (၅၅၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂၆၄၅) ဦး၊ မကွေးတိုင်း ဒေသကြီးတွင် (၃၃၁၅) ဦး ကြိုတင်စုဖွဲ့ထားရှိခြင်း၊

 

 အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၁၂၄) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၄၀) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၆) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၇) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစားယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR