ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်ပနိုင်ငံများတွင် ပညာတော်သင်မဟာဘွဲ့ သင်တန်းများအပါအဝင် သင်တန်းများ၊  အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသောအရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို (၂၁.၁၁.၂၀၂၂)ရက်နေ့မှ (၂၃.၁၁.၂၀၂၂) ရက်နေ့အထိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် ၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌ ကိုဗစ်-၁၉ကြောင့် ပြည်ပခရီးစဉ်များရပ်နားနေခဲ့သဖြင့် အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကိုယခုပထမဆုံးပြန်လည်စတင်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာပြန်လည်မျှဝေခြင်းဖြင့် ပြည်ပခရီးသွားရောက်သူကိုယ်တိုင် ဘာသာရပ်ကိုပိုမိုကျေညက်စွာနားလည်လာခြင်း၊ အများပြည်သူရှေ့ စကားပြောခြင်းအလေ့အကျင့်ကောင်းမွန်လာခြင်း၊ ပါဝင်တက်ရောက်သူများအနေဖြင့် အသိပညာ၊ ဗဟုသုတရရှိပြီးမိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ခြင်းအကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးဘဝတစ်သက်တာလေ့လာသင်ယူမှု (Life Long Learning) ပြုရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာတစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးလာမည်ဖြစ်ပါကြောင်းအမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံဒေသတွင်းရှိအမျိုးသမီးများ ၏ နိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာလေ့လာမှုစာတမ်းရေးသားပြုစုရေးအတွက် နည်းပညာအထောက်အကူပြုအလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း(၂)ဦးနှင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် AHA Centre ၏ (၇)ကြိမ်မြောက် ACE Program သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၂)ဦးကဘာသာရပ်ဆိုင်ရာအသိပညာများပြန်လည်ရှင်းလင်းဝေမျှခဲ့ပြီးအမေး/အဖြေအစီအစဉ်များပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ဒုတိယနေ့တွင် JDS အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ ကိုဘေးတက္ကသိုလ်တွင် Master Of International Studies (Disaster Risk Management) သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့သောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၁)ဦးနှင့် ဖိလစ်ပိုင်နိုင်ငံတွင်ဖွင့်လှစ်သောကလေးသူငယ်များအားလိင်ပိုင်းဆိုင်ရာကျူးလွန်မှု၊ ခေါင်းပုံဖြတ်ခံရမှုများစုံစမ်းစစ်ဆေးခြင်းစွမ်းရည်မြှင့်တင်မှုအစီအစဉ်သို့တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း(၁)ဦးတို့ကဘာသာရပ်ဆိုင်ရာအသိပညာများပြန်လည်ရှင်းလင်းဝေမျှခဲ့ပြီးအမေး/အဖြေအစီအစဉ်များပြုလုပ်ခဲ့ကြရာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကလည်းမေးခွန်းများပါဝင်မေးမြန်းခဲ့ကြပြီးမိမိတို့ဌာနအလိုက် ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များဖော်ထုတ်အကြံပြုသွားရန်လမ်းညွှန်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ဦးဆောင်၍ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၊ ဒုတိယအကြီးအမှူးများနှင့် အရာထမ်း၊အမှုထမ်းများနေ့လည်စာအတူတကွ သုံးဆောင်ခြင်းအစီအစဉ်ကိုယနေ့နေ့လယ်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစုပေါင်းခန်းမတွင် ဆက်လက် ကျင်းပခဲ့ရာအရာထမ်း၊ အမှုထမ်းများကမိမိတို့ ရရှိထားသောမဲလက်မှတ်များဖြင့် ကျရောက်သည့် စားပွဲဝိုင်းများကိုတစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးစွာဖြင့် တိုက်ဆိုင်ရှာဖွေနေကြမှုများအားကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်၍ နေ့လယ်စာမသုံးဆောင်မီပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ယခုကဲ့သို့စီစဉ်ရခြင်းမှာမိမိအပါအဝင် အရာထမ်းအမှုထမ်းအားလုံးအထက်နှင့်အောက်ဆက်ဆံရေးထက် လုပ်ဖော်ကိုင်ဖက်များအဖြစ် မှတ်ယူကာတစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးမှုများရရှိပြီးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင်နိုင်ရေးတက်ကြွစွာအတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများနှင့် ခင်မင်ရင်းနှီးနွေးထွေးစွာနေ့လယ်စာအတူတကွသုံးဆောင်ခဲ့ပြီးအဆိုပါအစီအစဉ်သို့ အရာထမ်း၊အမှုထမ်းစုစုပေါင်း(၂၁၂)ဦးပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR