ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ခြင်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံအနေဖြင့်မိုးကြိုကာလများဖြစ်သောမတ်လ၊ ဧပြီလ၊ မေလတို့တွင်နိုင်ငံအနှံ့ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိပြီးလေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များ၊ အဆောက်အအုံများအမိုးလန်ခြင်း၊ ပြိုကျခြင်းစသည့်ထိခိုက်ပျက်စီးမှုများကိုနှစ်စဉ်ကြုံတွေ့ရလေ့ရှိပါကြောင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ(၅)နှစ်တာကာလအတွင်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း(၁၄၀,၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုအများဆုံးနှစ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြစ်ပြီးစစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူများ၏  နေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရန်အတွက် ကြိုတင်အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလအတွင်းကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်ဆောင်ရွက်ခဲ့ကြောင်း၊ (၂၇-၅-၂၀၂၁)ရက်နေ့တွင်ကျင်းပခဲ့သောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၁/၂၀၂၃)အစည်းအဝေးတွင်အမျိုးသားကော်မတီဥက္ကဋ္ဌကလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရေးကိုအလေးထားဆောင်ရွက်ကြရန် လမ်းညွှန်ထားရှိပါကြောင်း၊ လမ်းညွှန်ချက်နှင့်အညီ (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်တွင် ယခင်ဆောင်ရွက်နေကျ တိုင်းဒေသကြီး/ပြည်နယ်များအပြင်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ် တွင်လည်းကောင်း၊ (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် လည်းကောင်းထပ်မံတိုးချဲ့ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ယခုနှစ်တွင်လည်းတိုင်းဒေသကြီး/ပြည်နယ်(၉)ခုတွင် နေအိမ်ပေါင်း (၁၉၅၄၀)လုံးအားရန်ပုံငွေကျပ်(၉၄၅.၅၈၀)သန်းကျခံသုံးစွဲကာအားဖြည့်ပြင်ဆင်သွားမည်ဖြစ်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့်အမျိုးသားကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီမိမိတို့ဒေသအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာအလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နေအိမ်များအားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းဆောင်ရွက်ရာတွင်လေပြင်းဘေးအသိပညာပေးဟောပြောမှုများကိုပါ ထည့်သွင်းဆွေးနွေးခြင်းဖြင့် ရပ်ရွာလူထုအတွင်းလေပြင်းဘေးနှင့်ပတ်သက်သောအသိပညာဗဟုသုတများတိုးပွားလာပြီးမိမိတို့နေအိမ်များကိုမိမိတို့အစီအစဉ်ဖြင့် ကြိုတင်ပြင်ဆင်သည့်အလေ့အထကောင်းများတိုးပွားလာမှာဖြစ်ကြောင်း၊ ရပ်ရွာအတွင်းသဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင်ပြည်သူများကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသောရပ်ရွာအသိုက်အဝန်းများဖြစ်ပေါ်နိုင်ရေးအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် ရှမ်းပြည်နယ်ဦးစီးမှူးတို့ကယခုနှစ်အတွင်းလေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားရှိမှုအခြေအနေကိုရှင်းလင်းတင်ပြကြပြီးရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မီးပြကျေးရွာအုပ်စု၊ မီးပြကျေးရွာနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ ရပ်ကွက်(၃)တွင် လေပြင်းဒဏ်ခံနိုင်ရည်အားနည်းပါးသည့် နေအိမ်များမွမ်းမံပြင်ဆင်ခြင်းလက်တွေ့ဆောင်ရွက်နေမှုအခြေအနေအား Online ဖြင့် တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်းတိုင်းဒေသကြီး/ပြည်နယ် (၁၂)ခုတွင် နေအိမ်ပေါင်း(၅၅၀၀၀)ကျော်ကိုရန်ပုံငွေကျပ်(၁.၇)ဘီလီယံကျော်ကျခံသုံးစွဲပြင်ဆင်ဆောင်ရွက်ခဲ့ပြီးယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်းယခင်နှစ်များနည်းတူတိုင်းဒေသကြီး/ပြည်နယ် (၉)ခုတွင်နေအိမ်ပေါင်း(၁၉၅၄၀)လုံးကိုရန်ပုံငွေကျပ်(၉၄၅.၅၈၀)သန်းဖြင့် အားဖြည့်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR