ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

       လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်နိုင်နိုင်ဦးတို့ ဦးဆောင်သော တာဝန်ရှိသူများသည် (၂၄-၅-၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ ရောက်ရှိကြရာပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဉက္ကဌ၊ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများ၊ ဆင်းရွှေလီဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ ဉက္ကဌဦးဆောင်သောတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့် အဖွဲ့သည် ဘိုးဘွားများအား ဦးခိုက်ကန်တော့ကြပြီး ဘိုးဘွားများအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ငွေများ၊ အလှူရှင်စေတနာရှင်များမှ ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြရာဆင်းရွှေလီဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဉက္ကဌဦးဆောင်သောတာဝန်ရှိသူများက လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြိုမိ၊မြို့ဖများက ဘိုးဘွားရိပ်သာဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း၊ စေတနာရှင်များ၏ အလှူရန်ပုံငွေဖြင့် ရိပ်သာလည်ပတ် နေမှုအခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အတည်ပြုပြဌာန်းပြီးဖြစ်သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဉပဒေနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံချက်ပါ လုပ်ငန်းစဉ်များနှင့်  အညီ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံ မှုရှိစေရေးအတွက် နိုင်ငံတော်မှ အသက်(၈၅)နှစ်နှစ်နှင့်အထက် ဘိုးဘွားများအတွက် (၁)လလျှင် ထောက်ပံ့ငွေ (၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၃)လ(၁)ကြိမ်ထောက်ပံ့ပေးနေမှုအခြေအနေများ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့အစည်းများမှ တည်ထောင်ထားရှိသောဂေဟာ/ရိပ်သာများအတွက်ဝတ်စုံစရိတ်၊စားစရိတ်၊အဆောင်ဂေဟာမှူး လစာစရိတ်များတစ်စိတ်တစ်ဒေသကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ဘိုးဘွားများအားနည်းစနစ်တကျပြုစုစောင့်ရှောက်နိုင်ရေးရိပ်သာဝန်ထမ်းများ အနေဖြင့် Care Giver သင်တန်းတက်ရောက်ရန်လိုအပ်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက် လာသူများနှင့် ရင်းရင်းနှီးနှီးအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့ဦးဆောင်သောအဖွဲ့သည် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိကြပြီး ကျောင်းတိုက်ဦးစီးပဓါန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား ဦးခိုက်ဖူး မျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။  ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းမှူးတို့ဦးဆောင်သောအဖွဲ့သည် ဆရာတော်ထံမှ ဩဝါဒခံယူကာ ကျောင်းတိုက်အတွင်းရှိ သီရိရတနာ ဆွမ်းစားကျောင်းဆောင်တွင် ဆရာတော်အမှူးပြုသော စာသင်စာချရဟန်း သံဃာများ စာသင်ကိုရင်လေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းလောင်းလှူခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား တိုင်းမှူး၊ ကျောင်းတိုက်အကျိုးတော်ဆောင် ဉက္ကဌဦးဆောင်သောတာဝန်ရှိသူများ၏ ဦးဆောင်ပြသမှုဖြင့် ကျောင်းတိုက်ရှိ သီရိသုခဆောင်တွင် ကိန်းဝပ်စံပယ်နေသော ဓါတ်တော်မွေတော်များနှင့် မဟာဗုဒ္ဓဝင်ပြတိုက်တို့သို့ ရောက်ရှိဖူးမျှော်ကြည်ညိုကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင်ကိုရင်လေးများအတွက် နေ့ဆွမ်း ဘောဇဉ် လှူဒါန်းငွေများကို ကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒထံ ဆက်ကပ်လှူဒါန်းခဲ့ကာ သာဓုအနုမောဓနာခေါ်ဆိုခဲ့ကြပါသည်။

ဆက်လက်၍ (၂၅.၅.၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်နှင့် စပ်လျဉ်းသည့် လူမှုရေးပင်စင်ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်၍ ယခု ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုရေးပင်စင်အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စာရင်းဇယား၊ အချက် အလက်မှန်ကန်ရေးသည်  များစွာအရေးကြီးပါကြောင်း၊ ထို့အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ များကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယနေ့ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့မှ ဝန်ထမ်းများနှင့် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေ တို့ဖြင့် (၂)ကြိမ်ခွဲ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှရရှိမည့် သိသင့် သိထိုက်သည့် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများကို ကြိုးစားလေ့လာသင်ယူ၍ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု၊ စေတနာ၊ လူမှု ဝန်ထမ်းစိတ်ဓာတ်တို့ ပေါင်းစပ်၍ လူမှုဘဝအခက်အခဲများကို ကူညီကယ်ဆယ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ တစ်ဦးချင်းဆောင်ရွက်မှုတို့ကို အသိအမှတ်ပြုပါကြောင်း၊ တစ်ဦးချင်း တစ်ယောက်ချင်း တိုးတက်မှု အဆင့်ဆင့်မှစ၍ နိုင်ငံတော်အဆင့်ထိ တိုးတက်မှုရှိအောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့်တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ သင်တန်းသား/ သင်တန်းသူများမှ သင်တန်း(၃)ရက်တာကာလအတွင်း ရင်းနှီးနွေးထွေးစွာဖြင့် အတွေ့အကြုံများကို မျှဝေရင်းဆွေးနွေးဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စာရင်းဇယားများ ကောက်ယူခြင်း၊ စာရင်းဇယားများရေးသွင်းခြင်း၊ စိစစ်ခြင်း၊ စာရင်းဇယားများ ထုတ်ပြန်ခြင်းအပါအဝင် ထောက်ပံ့မှု များကို အဆင့်တိုင်းတွင် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အတက်ပညာများကိုလည်း မဖြစ်မနေ အသုံးချရမည်ဖြစ်ပြီး လူမှုရေးစီမံခန့်ခွဲမှု သတင်းအချက် အလက် စနစ်တည်ဆောက်ခြင်း (Social Management Information System-SMIS) ၏ အဓိက အစိတ်အပိုင်းလည်းဖြစ်ပါ၍ ကြိုးစားကြစေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ လူမှုရေးပင်စင် ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၂၅.၅.၂၀၂၂) ရက်နေ့မှ (၂၇.၅.၂၀၂၂) ရက်နေ့နှင့် (၃၀.၅.၂၀၂၂) ရက်နေ့နှင့် (၁.၆.၂၀၂၂)ရက်နေ့များတွင် (၂)ကြိမ်ခွဲ၍ သင်တန်းသား/ သင်တန်းသူ(၁၀၀)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR