ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumarဦးဆောင်သောအဖွဲ့သည်ယနေ့နံနက်ပိုင်း (၁၁:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊မေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကအိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေသောဖွံ့ဖြိုးရေးစီမံကိန်းကိစ္စများရှင်းလင်းတင်ပြပြီးဝန်ကြီးဌာနနှင့်အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအကြားလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်းအိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် COVID -19  ကပ် ရောဂါဖြစ်ပွားစဉ်ကာလ၊ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးကာလများ၌ အကူအညီများပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ Nay Pyi Taw State Academy ၌ လူမှုရေးပညာမဟာဌာနဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာပါမောက္ခများပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများရေးဆွဲခြင်းဆောင်ရွက်နေပြီးဝန်ကြီးဌာနမှ ပညာတော်သင် (၁၉) ဦးအိန္ဒိယနိုင်ငံ TA TA Institute of Social Sciences ၌လူမှုရေးပညာမဟာဘွဲ့သင်တန်းတက်ရောက်နေမှု၊ ရခိုင်ပြည်နယ်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာနားလည်မှုစာချွန်လွှာအရအကောင်အထည်ဖော်နေသည့်စီမံကိန်းတိုးတက်မှုအခြေအနေ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ရန်ရှိသည့် Small Development Project (SDP) အောက်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကအဆိုပြုတင်ပြထားသောစီမံကိန်းကိစ္စများ၊ဝန်ကြီးဌာနအနေဖြင့် AHA Centre၊ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ယင်းနောက်မွန်းလွဲပိုင်းတွင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၃)ကိုအဆိုပါဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့်မသန်စွမ်းကိုယ်စားလှယ်များ၊လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဝန်ကြီးဌာန၊ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးမှညွှန်ကြားရေးမှူးနှင့်အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီကို၂၀၁၈ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး၂၀၂၃ခုနှစ်ဧပြီလ(၆)ရက်နေ့တွင်ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊မသန်စွမ်းသူများ၏အခွင့်အရေးများကိုထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ (၅) နှစ်စီမံကိန်းကိုအတည်ပြုဖြန့်ချိထားပြီးဖြစ်ပါကြောင်း၊မဟာဗျူဟာပါကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များကိုလည်းရေးဆွဲထားရှိပြီးယနေ့အစည်းအဝေးတွင်အတည်ပြုသွားမည်ဖြစ်ပါကြောင်း၊မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်းကနဦးစီမံကိန်းနယ်မြေ(၄) ခုတွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ယခုဘဏ္ဍာနှစ်တွင်လည်းစီမံကိန်းနယ်မြေ(၁၀)ခုတွင်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အလုပ်အမှုဆောင်အဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းထားကြောင်းသိရှိရပြီးမသန်စွမ်းသူများ၏အခွင့်အရေးအတွက်ပီပီပြင်ပြင်ရပ်တည်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်လုပ်ငန်းကော်မတီဝင်၊အတွင်းရေးမှူး(၁)ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ကယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းကော်မတီဝင်များကဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးမှနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR