ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့(MDRT) သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၉)နာရီအချိန်တွင်နေပြည်တော်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည်ပြည်ထောင်စုအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေသည့်ဝန်ကြီးဌာနများအတွက် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင်ရှိသည့် လုပ်ငန်းကော်မတီအသီးသီးတွင်တာဝန်ယူဆောင်ရွက်နေသည့်ဝန်ကြီးဌာန၊ဦးစီးဌာနများမှကိုယ်စားလှယ်များကိုအဓိကဦးတည်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊မြန်မာနိုင်ငံသည် သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်(ASEAN Agreement on Disaster Management and Emergency Response-AADMER) သဘောတူလက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊  AADMERအရ အာဆီယံဒေသတွင်း သဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-Emergency Response and Assessment Team- ASEAN-ERAT)ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဒေသတွင်းအဆင့်တွင်ဖွဲ့စည်းထားသော ASEAN-ERATကဲ့သို့ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်အခါ နိုင်ငံအဆင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centreတို့နှင့်ပူးပေါင်း၍  မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေး၂၀၂၀ပြည့်နှစ်တွင်စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ASEAN အဆင့်တွင်ရေးဆွဲထားသည့်ERAT သင်ရိုးညွှန်းတမ်းကိုအခြေခံပြီးနိုင်ငံ၏လုပ်ထုံးလုပ်နည်းများ၊နိုင်ငံ၏ဘေးအန္တရာယ်အခြေအနေနှင့်ကိုက်ညီသည့်(Myanmar Disaster Response Team -MDRT) သင်ရိုးညွှန်းတမ်းကိုရေးဆွဲခဲ့ပြီးမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေး သင်တန်းအမှတ်စဉ်(၁)နဲ့ (၂)ကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလများတွင် ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၁)ခု၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအပါအဝင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရဌာန(၁၄)ခုမှ သင်တန်းသား/သူ (၇၇)ဦးဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၃)နဲ့ (၄) ကို ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလနှင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလများတွင် ကချင်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၀)ခု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအပါအဝင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေသည့် အစိုးရဌာန(၄)ခုမှသင်တန်းသား/သူ (၅၂)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ယခုသင်တန်းအပတ်စဉ်၌ဆွေးနွေးပို့ချမည့်သင်ခန်းစာများတွင်၂၀၂၂ခုနှစ်၊ဇူလိုင်လကရေးဆွဲထုတ်ပြန်ခဲ့သည့်သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်ကိုအခြေပြုပြီးလုပ်ငန်းကော်မတီ(၁၂)ခုပါဝင်သည့် ဇာတ်တိုက်လေ့ကျင့်ခန်းများကိုမကြာမီကာလအတွင်းအဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ထားသည့်မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့အနေဖြင့်ပြည်တွင်း၌သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါကဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများနှင့်ညှိနှိုင်းပေါင်းစပ်မှုလုပ်ငန်းများဆောင်ရွက်သည့်နေရာများတွင်နိုင်ငံ၏အရေးပါသည့်အဖွဲ့ဖြစ်လာစေရန်မျှော်မှန်းထားပါကြောင်း၊ သင်တန်းသားများအနေဖြင့်သင်တန်းပြီးမြောက်သွားသည့်အခါတွင်သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့ဝင်များဖြစ်လာမှာဖြစ်သည့်အတွက် ယခင်သင်တန်းတက်ရောက်ထားသည့် MDRT အဖွဲ့ဝင်များ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူလက်တွဲ၍ နောင်သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းအမှတ်စဉ်(၅)ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင်ရှိသည့်လုပ်ငန်းကော်မတီအသီးသီးတွင်  တာဝန်ယူဆောင်ရွက်နေကြသည့်ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ သင်တန်းသားကိုယ်စားလှယ်များအပါအဝင် စုစုပေါင်းသင်တန်းသား(၃၀)ဦးက လူကိုယ်တိုင် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းကို  (၂၀-၃-၂၀၂၃)ရက်နေ့မှ  (၂၅-၃-၂၀၂၃)ရက်နေ့အထိ သင်တန်းကာလ(၆)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီဌာန လက်အောက်ရှိ ဉတ္တရသီရိ မူလတန်းကြိုကျောင်း၊ သီရိရတနာမူလတန်းကြိုကျောင်း၊ ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာမူလတန်းကြိုကျောင်းနှင့် အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်းများသို့ သွားရောက်၍ မူကြိုကလေးငယ်များအား သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေ၊ ကျောင်းအဆောက်အဦများ၏ အခြေအနေနှင့် ကျောင်းသားဝင်ဆံ့မှုအခြေအနေများကို သွားရောက်ကြည့်ရူကာ ဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ကလေးငယ်များ၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူးရုံးအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ကလေးပြုစုရေဌာန သို့ရောက်ရှိကြပြီး ရင်သွေးငယ်များအား ပြုစုပျိုးထောင်ပေးနေမှု အခြေအနေများ ဘက်စုံဖွံ့ဖြိုးရေးအတွက် သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေများပေါ် ဖြည့်စွက် အကြုံပြုဆွေးနွေးခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံ၍အားပေးစကားပြောကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR