ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူ ၍ ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်(MCCT)နှင့် လူမှုရေးပင်စင်အစီအစဉ်များ အကောင်အ ထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အဆိုပါ အစီအစဉ်များအတွက် ထောက်ပံ့ကြေးငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက်(၁၀း၀၀) နာရီတွင် Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာကျော်ထွန်းတို့ တက်ရောက်၍ အမှာစကားများပြော ကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဒီကနေ့အစည်းအဝေးမှာ ရှမ်း ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အစီအစဉ် အကောင်အထည်ဖော်မှုနှင့် လူမှုရေးပင်စင် အစီအစဉ်များနှင့် ပတ်သက်ပြီး အဓိက အားဖြင့် အချက်(၂)ချက် ဆွေးနွေးလိုပါကြောင်း၊ ပထမအချက်ကတော့ ထောက်ပံ့ကြေးများ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ အဆင်ပြေစွာ ထုတ်ယူနိုင်ရေးဖြစ်ပါကြောင်း၊ ဒုတိယအချက်ကတော့ ဘဏ်ကထုတ်ယူပြီးနောက် မြေပြင်မှာ အကျိုးခံစားခွင့်ရှိသူများအား အဆင်ပြေစွာထောက်ပံ့မှုပြုနိုင်ရေးတို့ဖြစ်ပါကြောင်း၊  လက်ရှိကပ်ရောဂါကြုံတွေ့နေရချိန်မှာ အကျိုး ခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ငွေကြေးဟာများစွာ အထောက်အကူဖြစ်စေမှာဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်း အဖြေရှာပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အစီအစဉ်များ အောင်အောင်မြင်မြင် ဆောင် ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ကြီးကြပ်ပေးမှုနဲ့ ပေါင်းစပ် ညှိနှိုင်းပေးမှုတို့ဟာ များစွာအရေးကြီးပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားရာ၌ ယခုလိုကပ်ရောဂါဘေးကြုံတွေ့နေရတဲ့ အခိုက်အတန့်မှာ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များဟာ အကျိုးခံစားခွင့်ရှိသူ ပြည်သူတွေအတွက်များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ပြည့်ဝဝ စားသောက်နိုင်ရေးနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေးတို့အတွက် အထောက်အကူ ဖြစ်စေမယ်လို ယုံကြည်ပါကြောင်းနှင့် အကျိုးခံစားခွင့်ရှိသူ ပြည်သူတွေအတွက် အမှန်တကယ်အကျိုးရှိစေမည့်ကိစ္စဖြစ်တဲ့အတွက် အောင်အောင်မြင်မြင် အကောင် အထည်ဖော်နိုင်ဖို့ ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးစိုင်းလိတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်း ဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ် (၈၇,၇၁၃)ဦး  အတွက်  ကျပ်(၃၉၄၇.၀၈၅) သန်းနှင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၁၃,၂၄၅)ဦး အတွက် ကျပ် (၃၉၇.၃၅၀) သန်း စုစုပေါင်း အစီအစဉ် (၂)ရပ်အတွက် ထောက်ပံ့ကြေးငွေ ကျပ် (၄၃၄၄.၄၃၅) သန်းအား ပြည်ထောင်စုဝန်ကြီးကိုယ်စား ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦးက လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် ကောင်စီဝင်တို့က လက်ခံရယူခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနား အား နံနက်(၁၁း၃၀) တွင် အဆုံးသတ်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR