ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၅-၂၀၂၆ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်ကျင်းပခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအား ၂၂-၅-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဥက္ကဋ္ဌအဖြစ်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်ကိုယ်စားလှယ်စုစုပေါင်း (၂၂) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်းတွန်းဇံ၊ ဖလမ်းနှင့် တီးတိန်မြို့နယ်များပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းဆောင်ရွက်ရန်၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များကချင်းပြည်နယ်အတွင်းရှိမိမိတို့ဌာနများနှင့် ကြိုတင်ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားပြီးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များကမိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားတင်ပြရာပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးအစည်းအဝေးကို (၁၄:ဝဝ) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR